Friday, May 6, 2016

ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈ ဘီလီယံ ရရှိဖို့ မျှော်မှန်း

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈
ဘီလီယံ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးသန်းအောင်ကျော်
က ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
၉၄၈၁ သန်းဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်များအရ သိရပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး
ဝင်ရောက်ထားပြီး စွမ်းအင်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ
ရင်းနှီးမြှုပ်နှံမှုများပြားတဲ့ကဏ္ဍတွေ ဖြစ်ပါတယ်။ ပို့ဆောင်ရေး၊
ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ သတ္တု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးစတဲ့
ကဏ္ဍတွေမှာလည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ထားပါတယ်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ
ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကနေ အလုပ်အကိုင်အခွင့်အလမ်း
၃၅၀၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘဏ္ဍာနှစ် အလိုက် ရင်းနှီးမြှုပ်နှံမှုတွေက မြင့်တက်လျက်ရှိတဲ့အတွက်
ဆက်လက်တိုးတက်မယ့် အလားအလာတွေ ရှိနေတယ်လို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သုံးသပ်ထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို
ရရှိလာစေဖို့အတွက် ကုန်ထုတ်လုပ်ငန်း၊ အခြေခံအဆောက်အအုံ၊
စိုက်ပျိုးရေးကဏ္ဍတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်
လာစေဖို့လာစေဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတွန်းအားပေး
လုပ်ဆောင်လျက်ရှိပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment