Friday, May 13, 2016

သန့် ရှင်း သာ ယာ လှ ပ မှု ကြောင့် ရေး မြို့ နယ် ရှိ ကဗျာဝ ကမ်း ခြေ သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှု များလာ


မွန်ပြည်နယ် ရေးမြို့နယ်ရှိ ခေါဇာမြို့မှ ကဗျာဝပင်လယ်ကမ်းခြေသို့ ၂ဝ၁၆ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းခရီးသွားများ သွားရောက်အပန်းဖြေမှု များလာသည့်အပြင်သန့်ရှင်းမှု၊ သာယာလှပမှုနှင့် ကမ်းခြေ၏ သဘာဝအလှကို ခံစားနိုင်သဖြင့် ဧပြီလဆန်းပိုင်းမှစပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု မြင့်တက်လာကြောင်း ကမ်းခြေ ထိန်းသိမ်း စောင့်ရှောက်မှု အဖွဲ့မှ ကိုဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။
''လက်ရှိမှာ ဒီကမ်းခြေက တခြား ကမ်းခြေတွေထက်စာရင် လာရောက်အပန်းဖြေသူတွေ နည်းနေသေးတော့ ကမ်းခြေရဲ့ သဘာဝအလှတွေကို ပိုပြီးခံစားနိုင်တယ်။ ခရုခွံတွေလည်း တခြားကမ်းခြေတွေထက် ပိုများတဲ့အပြင် အချင်း ၆ လက်မကနေ ၈ လက်မအထိရှိတဲ့ ငါးအကြေးခွံတွေကို ကမ်းခြေမှာ သဘာဝအတိုင်း တွေ့ရတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေက ဒီမြင်ကွင်းတွေကို နှစ်သက်တော့ လာရောက်လည် ပတ်မှု များလာတာပါ''ဟု ၎င်းက ပြောသည်။
ကဗျာဝကမ်းခြေသည် ပစောက်ပုံသဏ္ဌာန်ရှိပြီး နီဝါရောင် သဲသောင်ပြင်ရှိသည်။ အဆိုပါကမ်းခြေသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ လစဉ်ပျမ်းမျှအားဖြင့် ရာနှင့်ချီ၍ လာရောက်လည်ပတ်ကြကာ အများစုမှာ အာရှတိုက်အတွင်းမှ ခရီးသွား များဖြစ်ကြောင်း သိရသည်။
အဆိုပါကမ်းခြေသို့ မော်လမြိုင်မြို့မှတစ်ဆင့် သွားရောက်ရပြီး ကမ်းခြေ၌ ဟိုတယ်များမရှိသည့်အတွက် ခရီးသွားများ မှာ နေ့ချင်းပြန်ခရီးသာ လည်ပတ်မှုများကြောင်း သိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment