Monday, April 25, 2016

ဂေါ်ရင်ဂျီကျွန်းပင်လယ်ကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်လည်ပတ်မှု များပြားလာ

ဧရာဝတီတိုင်း ဒေသကြီး၊ ငရုတ်ကောင်းမြို့နယ် ခွဲရှိ ဂေါ်ရင်ဂျီကျွန်းပင်လယ်ကမ်းခြေ သည် သဘာဝကမ်းခြေ တစ်ခုအဖြစ် နာမည်ကျော်ကြားနေခြင်းကြောင့် ယခုနှစ်အတွင်း အပန်းဖြေခရီးစဉ် သွားရောက် လည်ပတ်မှုများ လာ ကြောင်း Jovago ခရီးသွားဝန်ဆောင် မှုလုပ်ငန်းမှ သိရှိရသည်။

" ဒီနှစ် Social media တွေမှာ စတင်ကျော်ကြားလာတဲ့ ဧရာဝတီတိုင်း ဒေသ ကြီးက ဂေါ်ရင်ဂျီကျွန်းဟာ သဘာဝအတိုင်း လှပတဲ့ ကျွန်းနဲ့ ချောင်းသာတို့၊ ငွေဆောင်တို့နဲ့မခြား နားတဲ့ကမ်းခြေ အလှ အပတွေကြောင့် နာမည်ကျော်ကြားလာတယ်။ တည်း ခိုတာဆိုရင် လည်း ပေးသလောက်ပဲ ယူကြတာ။ နောက်ပိုင်းဈေးတွေသတ် မှတ်ထားပေမယ့် အရမ်းသက်သာ ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ့ ခရီးသွားတိုးတက်ဖို့ နာမည်မကြီး သေးတဲ့နေရာတွေ၊ သဘာဝအလှ နေရာတွေကို လမ်းညွှန်ပေးနေတာ ပါ" ဟု Jovago Myanmar မှ Press Officer ဦးဇော်ဝေက ပြောသည်။
အဆိုပါကျွန်းသည် ချောင်း သာ၊ ငွေဆောင်ကမ်းခြေများကဲ့သို့ လှပပြီး သဘာဝအရသာခံစားချင် သူများအတွက် ဒေသခံများ၏ အိမ် (သို့မဟုတ်)ဒေသခံစီးပွားရေးသမား များ ဆောက်လုပ်ထားသည့် ဘန်ဂလို တဲများတွင် တည်းခိုနိုင်သည်။
"သွားရင် လမ်းကတော့ ဒုက္ခခံရ တယ်။ ချိုင့်တွေအများကြီးပဲ။ နေ စရာနဲ့စားစရာက ကြိုတင်စီစဉ်မှ ရမယ်။ မြေသားလမ်းတွေမို့ လမ်းက တော့ကြမ်းတမ်းတယ်။ ရွာထဲမှာ အိမ်ငှားတည်းရင်ရပေမယ့် ရှာရ မယ်။ စီးပွားဖြစ်ဟင်းချက်ပေးသူမရှိတော့ စားစရာကရှားတယ်။ လူပြတ် တော့အုပ်စုလိုက်သွားမှ ပိုကောင်း မယ်" ဟု ဂေါ်ရင်ဂျီကျွန်းသို့သွား ရောက်ခဲ့သည့် ရန်ကုန်မြို့မှ ကိုဇင် က ပြောသည်။
အဆိုပါကျွန်းသို့ ရန်ကုန်မှ ပုသိမ်လမ်းခွဲ၊ ၇၆ မိုင်ကျော်ရှိ သည့် မော်တင်စွန်း ဘက်သွားသည့် လမ်းခွဲ မှ ငရုတ်ကောင်းမြို့နယ်ခွဲ သို့သွားရပြီး ယင်းမှ ၇၆ မိုင်ကျော် ရှိသည့် ဂေါ်ရင် ဂျီကျွန်းသို့သွားရကြောင်း သိရသည်။
ဂေါ်ရင်ဂျီကျွန်းတစ်ပတ် စက် လှေခ သည် တစ်ဦးလျှင်ကျပ် ၁၀၀၀ မှ ကျပ်၂၀၀၀ ရှိပြီး စင်းလုံးငှားပါက တစ်သောင်းခွဲ ၊ နှစ်သောင်း ရှိကြောင်း သိရသည်။
အဆိုပါကျွန်းတွင် ရွက်ဖျင်တဲ နှင့်နေပါက တစ်ညလျှင်ကျပ် ၅၀၀၀ ရှိပြီး ရေ ချိုးခန်း၊ အိမ်သာပါ ငါးယောက် ခန်းတစ်ခန်းလျှင် ကျပ် ငါးသောင်း ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment