Monday, April 25, 2016

တောင်တရုတ်ပင်လယ်အတွင်း ရွှေ့ပြောင်းနိုင်သော ရေပေါ်နျူကလီးယားစက်ရုံ တည်ဆောက်မည်ဟုဆို

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများ၌ ဆောက်လုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေပေါ် နျူကလီးယားစက်ရုံတစ်ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် ဂလိုဘယ်တိုင်းသတင်းစာက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံသည် ပင်လယ်ပြင်အတွင်း ရွှေ့ပြောင်းသွားလာနိုင်သော ရေပေါ် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ရုံကို ပထမဆုံးအကြိမ် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာတွင် ရေးသားဖော်ပြသည်။
မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းစုများ၌ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စွမ်းဆောင်ရည်မြင့်မားစေရန် ရေပေါ်နျူကလီးယားစက်ရုံတစ်ရုံလိုအပ်ကြောင်း သတင်းစာတွင် ရေးသားဖော်ပြသည်။
ရေပေါ်နျူကလီးယားစက်ရုံ ထူထောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သင်္ဘော တည်ဆောက်ရေး စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူး လျူကျန်ကိုက ပြောကြားသည်။
ဈေးကွက် ဝယ်လိုအားအပေါ်မူတည်၍ ရေပေါ်နျူကလီးယားစက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစက်ရုံများကို အရပ်ဘက်လုပ်ငန်းများအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကမ်းလွန်ရေနံတူးဖော်ရေး စင်များအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
သို့ရာတွင် ရေပေါ်နျူကလီးယားစက်ရုံထူထောင်ရန် စီစဉ်ဆောင်ရွက်နေသည်ဆိုသော သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခြင်းမရှိပေ။
Credit To >>> The Mirror Daily 

0 comments:

Post a Comment