Thursday, March 17, 2016

ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများရှိသော်လည်း အခက်အခဲအချို့ကြောင့် လက်တွန့်

အရပ်သားအစိုးရအဖြစ် တက်ရောက်လာပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ် မြင့်တက်လျက်ရှိသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများရှိသော်လည်း အခက်အခဲအချို့ကြောင့် လက်တွန့်နေကြကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ လုပ်ငန်းရှင်အချို့က ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ခေတ်နှင့်မလျော်ညီခြင်းနှင့် အခွန်အကောက်ကိစ္စများတွင် အခက်အခဲများရှိနေ ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။
“ ကျွန်တော်တို့ဆီမှာ သူတို့ကိုကာကွယ်ဖို့နဲ့ Incentive ပေးဖို့ ဘာမှမရှိတာက သူတို့ကို ဒီမှာရင်းနှီးမြှုပ်နှံစေဖို့ လက်တွန့်စေတာပဲ” ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကဆိုသည်။
နိုင်ငံခြားမှလုပ်ငန်းရှင်များ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံမှုများရှိခဲ့သော်လည်း အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ကြီးမြင့်နေခြင်းနှင့် အခြားအခက်အခဲများကြောင့် လှည့်ပြန်သွားကြကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
Credit To >>> The Voice Weekly 

0 comments:

Post a Comment