ဖားကန့်ဒေသသို့ စက် ယန္တရားတင်သွင်းမှုနှင့်ပတ်သက် ၍ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှစ်ဦး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူးတို့ ကို ရာထူးမှထုတ်ပယ်ရန်
သမ္မတ က ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူး သန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာ ကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တရားမ ၀င်ကုန်သွယ်မှု တားဆီးရေး ဗဟို ကော်မတီဝင် ဦးညွန့်အောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းသန်းနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးသိန်းဇော်တို့ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
အထက်ပါသုံးဦးအပြင် ၀န် ထမ်း ၁၅ ဦးကိုလည်း ၀န်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေး ယူထားသည်။
‘‘ဖားကန့်ကိစ္စနဲ့ပတ်သက် လို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ခဲ့တယ်။ တာဝန်ရှိတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အ တွင်းရေးမှူး၊ အကောက်ခွန် ညွှန် ချုပ်၊ စီးပွားကူးသန်းညွှန်ချုပ်၊ သူ တို့သုံးယောက်ကို ၀န်ထမ်းအဖြစ် က ထုတ်ပယ်လိုက်တယ်။နောက် အကောက်ခွန်မှာရှိတဲ့ ၀န်ထမ်း ၁၀ ယောက်၊ စီးပွားကူးသန်းက ၀န်ထမ်း ငါးယောက်ကိုတော့ ၀န် ထမ်း စည်းမျဉ်းစည်းကမ်းအရ လောလောဆယ် အရေးယူထား တာရှိတယ်’’ဟု သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြော ကြားသည်။
‘‘ကန်ပိုက်တီးကနေ စက် ယန္တရားတွေ တင်သွင်းတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေ မလိုက် နာတာ၊ အသစ်တွေကို တစ်ပတ် ရစ်ဆိုပြီး တင်သွင်းတာ ဒီလိုမျိုး ကိစ္စတွေပါ။အရင်တုန်းကရန်ကုန် ကတင်သွင်းတော့ အဆင့်ဆင့် စိစစ်တော့ ပြဿနာမရှိဘူး။ အခု ကန်ပိုက်တီးကသွင်းတော့ ပြည် နယ်အစိုးရက သူ့ရဲ့လုပ်ပိုင်ခွင့်မရှိ ဘဲနဲ့ ယာယီခွင့်ပြုတယ်ဆိုပြီးလုပ် လိုက်တာတွေ ရှိတယ်။ တရားဝင် ကာစတန်က ဖြတ်တော့လည်း ထုတ်လုပ်တဲ့နှစ်တွေကိုလိမ်လည် ပြီး သွင်းတာတို့၊ အသစ်ကို တစ် ပတ်ရစ်ဆိုပြီး သွင်းတာတို့ဆိုပြီး လုပ်တာတွေရှိတယ်။ အဓိကက အဲဒါတွေကြောင့်ပါ’’ဟု ဦးရဲထွဋ် က အရေးယူရခြင်းအကြောင်းရင်း ကို ဆက်လက်ပြောကြားသည်။
ဖားကန့်ဒေသတွင် မြေသယ် ယာဉ်ကြီးများ တင်သွင်းမှုနှင့်ပတ် သက်၍ သမ္မတက ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းကို ကနဦး စုံ စမ်းစစ်ဆေးရေးကော်မတီ ဖွဲ့ စည်း၍ သွားရောက်စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
ထို့နောက် ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်အပါအ၀င် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ဦး ဆောင်ပြီး ထပ်မံစုံစမ်းစစ်ဆေး ပြီးနောက် ယခုကဲ့သို့အရေးယူခဲ့ ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
‘‘နိုင်ငံတော်သမ္မတက တိုက် ရိုက်ခန့်တဲ့ ညွှန်ချုပ်တွေကို သမ္မ တရုံးကပဲ အရေးယူလိုက်တာပါ။ ကျန်တဲ့ တာဝန်ရှိတဲ့ဝန်ထမ်းတွေ ကိုတော့ ၀န်ကြီးဌာနကပဲ ၀န် ထမ်းစည်းမျဉ်းနဲ့ အရေးယူမှာပါ’’ ဟု ဦးဇော်ဌေးကပြောသည်။
မတ်လကုန်တွင် သက်တမ်း ကုန်ဆုံးတော့မည့် အစိုးရက ညွှန် ကြားရေးမှူးချုပ်နှစ်ဦးနှင့် ပြည် နယ်အစိုးရအတွင်းရေးမှူးတို့ကို ရာထူးမှ ထုတ်ပယ်အရေးယူခြင်း သည် သမ္မတဦးသိန်းစိန်အစိုးရအ တွင်း အပြင်းထန်ဆုံး အရေးယူမှု များအနက် တစ်ခုအပါအ၀င်ဖြစ် သည်။
ဦးသိန်းစိန်သည် ယခင် အစိုးရအဖွဲ့မှဝန်ကြီးများ အရေး ယူရာတွင် ရာထူးမှ အနားယူစေ သည့် နည်းလမ်းကိုသာ ကျင့်သုံး ကြောင်း နိုင်ငံရေးလေ့လာသူများ က ပြောသည်။
ကချင်ပြည်နယ်အစိုးရ အ ရာရှိများ၊ ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ၀န် ထမ်းအချို့နှင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှ ၀န်ထမ်းအချို့ကိုလည်း သက် ဆိုင်ရာဝန်ကြီးဌာနက စစ်ဆေး နေကြောင်း သတင်းရရှိသည်။
အစိုးရ၀န်ထမ်းများကို အ ရေးမယူမီက ဖားကန့်ဒေသသို့ စက်ယန္တရားတင်သွင်းမှုနှင့်ပတ် သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဖားကန့်ဒေသသို့ စက်ယန္တ ရားကြီးများ တင်သွင်းနေမှု၊ ကျောက်စိမ်းတူးဖော်နေမှုများကို ဒီဇင်ဘာ ၂၂ ရက်က ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း ဦးဆောင် သော အဖွဲ့က ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကိုပထမ အကြိမ် သွားရောက်စစ်ဆေးခဲ့ သည်။
ထို့နောက် ပြည်ထဲရေးဝန် ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင် စိုး ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အ ထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိများပါဝင်သော အဖွဲ့ သည် ဖားကန့်ဒေသရှိ ကျောက် စိမ်းတူးဖော်ရေးလုပ်ငန်း၌ အသုံး ပြုနေသော ယာဉ်ယန္တရားများ မှတ်ပုံတင်ကိစ္စ၊ အခွန်ကိစ္စနှင့် ကျောက်စိမ်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို စစ်ဆေးခဲ့သည်။
လွှတ်တော်တွင် ဖားကန့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာ ၌ တန် ၃၀ မှ တန် ၁၀၀ အတွင်း ရှိ ဘက်ဟိုး ၁,၈၇၂ စီးနှင့် ၁၀ တန် မှ တန် ၂၀ သယ်ဆောင်နိုင် သည့် မြေသယ်ယာဉ် ၃,၃၂၇ စီး ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က တင်ပြထားသည်။
ဖားကန့်ဒေသတွင် ကျောက် စိမ်းတူးဖော်ရန် ကန်ပိုက်တီးမှ ယာဉ်အစီးရေ ၈၀၀ တင်သွင်းခွင့် ပြုပြီး သုံးပုံနှစ်ပုံမှာ မြေသယ် ယာဉ်များဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦး တင်ရဲဝင်းက နိုင်ငံပိုင်သတင်းစာ အား ပြောကြားသည်။
Credit to >>> 7day news journal
0 comments:
Post a Comment