Friday, March 4, 2016

Golden Myanmar လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီး လေယာဉ်ပြေးလမ်းတွင် ဘီးပေါက်

 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က Golden Myanmar လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးသည် လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်ဘီး မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်မှ ညောင်ဦးသို့ ပျံသန်းမည့် Flight No Y5 -101 သည် လေယာဉ် စတင်ပျံတက်ရန် ပြင်ဆင်နေစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း Golden Myanmar လေကြောင်းလိုင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

Credit To >>> The Voice News 

0 comments:

Post a Comment