Friday, March 4, 2016

ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ် အဖြစ် ဒူဘိုင်းလေဆိပ် မှ အာ့ကလန်လေဆိပ် သို့ ပျံသန်းခဲ့


Emirates လေကြောင်းလိုင်းမှ Airbus A 380 လေယာဉ်သည် ကမ္ဘာ့ အရှည်ကြာဆုံး မရပ်မနား ပျံသန်းသည့် လေကြောင်း ခရီးစဉ်ကို မတ် ၂ ရက်က နယူးဇီလန် နိုင်ငံတွင် အောင်မြင်စွာ ဆင်းသက်ခြင်းဖြင့် အဆုံးသတ် နိုင်ခဲ့ကြောင်း သိရသည်။

Airbus A 380 လေယာဉ်သည် UAE နိုင်ငံ ဒူဘိုင်းလေဆိပ်မှ နယူးဇီလန်နိုင်ငံ အာ့ကလန်လေဆိပ် သို့ရောက်ရှိရန် ကီလိုမီတာ ၁၄၂ဝဝ (၈၈၂၄ မိုင်) အထိ ပျံသန်းခဲ့ကြောင်း၊ အဆိုပါ ခရီးစဉ်သည် ကမ္ဘာပေါ်တွင် ရှည်လျားဆုံး အကွာအဝေး ဖြစ်ကြောင်း နှင့် ခရီးသည်များ အနေဖြင့် လေယာဉ်ပေါ်တွင် အချိန် ၁၇ နာရီ ၁၅ မိနစ်ခန့် နေထိုင် ခဲ့ရကြောင်း အဆိုပါ လေကြောင်းလိုင်း ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် airwaysnews.com တွင်ဖော်ပြ ထားသည်။

ယခင် ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်း ခရီးစဉ်အဖြစ် သြစတြေးလျ Qantas လေကြောင်းလိုင်း က ၂ဝ၁၄ ခုနှစ်တွင် ဆစ်ဒနီ မှ ဒါးလက်စ်မြို့သို့ အကွာအဝေး ကီလိုမီတာ ၁၃၈ဝဝ ပျံသန်းခဲ့ကြောင်း သိရသည်။
နယူးဇီလန်နှင့် UAE နိုင်ငံတို့အကြား ယခုကဲ့သို့ တိုက်ရိုက် လေကြောင်း ခရီးစဉ်များ ပြေးဆွဲခြင်း အားဖြင့် သာမန် လေကြောင်း ခရီးစဉ်၏ ကြာမြင့်ချိန် သုံးနာရီကို လျှော့ချနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို ပိုမိုတိုးတက် စေမည် ဖြစ်ကြောင်း နယူးဇီလန် ပို့ဆောင်ရေး ဝန်ကြီး ဆိုင်မွန်ဘရစ်ခ်ျ က ပြောကြား ထားသည်။
သို့သော် ယခု ပျံသန်းခဲ့သည့် ကမ္ဘာ့ အရှည်ကြာဆုံး လေကြောင်း ခရီးစဉ်သည် ယခုလကုန်တွင် Emirates လေကြောင်းလိုင်း ကပင် ပြေးဆွဲမည့် အချိန် ၁၇ နာရီ ၃၅ မိနစ် ကြာမြင့်သော ဒူဘိုင်း-ပနားမား စီးတီးခရီးစဉ် ကြောင့် အဆိုပါ စံချိန်မှာ ကျိုးပျက် သွားမည် ဖြစ်သည်။

Credit To >>> ပြည်မြန်မာ

0 comments:

Post a Comment