တေးသံရှင် ကေတီပယ်ရီ၏ ယမန်နှစ်အတွင်းက ထွက်ရှိ ခဲ့သည့်စတုတ္ထမြောက်စတူဒီယိုအယ်လ်ဘမ် Prism အတွက် Prismatic အမည်ရှိဂီတဖျော်ဖြေပွဲကို မေ၇ရက်က စတင် ကျင်းပခဲ့ပြီး ယခုလအတွင်းတွင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် ဖျော်ဖြေသွားမည်ဖြစ်ကာ ယင်းခရီးစဉ် များအတွင်း ပညာရေးဆိုင်ရာရန်ပုံငွေမြှင့်တင်မှုလုပ်ငန်း များကို ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း သိရသည်။
ကေတီပယ်ရီသည် ဇွန် ၁၂ ရက်က ဆရာဆရာမများ ထောက်ပံ့ရေးစီမံကိန်းအတွက် အလှူငွေ အမေရိကန်ဒေါ်လာ တစ်သန်းကို ချက်လက်မှတ်ဖြင့်လှူဒါန်းခဲ့ပြီးဆက်လက်၍ လည်း ဖျော်ဖြေရေးခရီးစဉ်များအတွက် ပရိသတ်များထံမှ ထည့်ဝင်ငွေများဖြင့်ပညာရေးရန်ပုံငွေရှာဖွေမှုများကို တတ်နိုင် သမျှ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''အသိပညာဗဟုသုတဟာ အထူးသဖြင့် အမျိုးသမီး တွေအတွက် စွမ်းအားတစ်မျိုးလို့ ယုံကြည်ပါတယ်၊ ပညာရှိ မှ ဘဝမှာပိုမိုယုံကြည်မှုရှိလာမှာဖြစ်ပါတယ်၊ ကျွန်မဒီလို လှူဒါန်းရတဲ့အတွက် အရမ်းပျော်ရွှင်ရသလို အခြားသူတွေ လည်း ဒီလိုလှူဒါန်းမှုတွေ ဆက်လက် ပြုလုပ်ပေးကြမယ်လို့ မျှော်လင့်ချက်အပြည့်ထားပါတယ်''ဟု ကေတီပယ်ရီက ပြောကြားခဲ့သည်။
0 comments:
Post a Comment