Thursday, January 21, 2016

မလေးရှားရောက်မြန်မာများ ဆာလာရန်းနယ်မြေသို့မသွားရန်နှင့် လုံခြုံရေးသတိပြုရန် မြန်မာသံရုံးသတိပေး

မလေးရှားနိုင်ငံ ဆာ လာရန်းနယ်မြေတွင် မလေးရှား နိုင်ငံသားများနှင့် မြန်မာမွတ်စ လင်ဟု သုံးနှုန်းပြောဆိုနေသည့် အဖွဲ့နှစ်ဖွဲ့ နယ်မြေလုအငြင်းပွားရာမှ အကြမ်းဖက်မှုများဖြစ်ပေါ်လာပြီး  လူသေဆုံးမှုများရှိလာ၍ မြန်မာနိုင်ငံသားများအနေဖြင့် အ ဆိုပါနယ်မြေသို့ သွားရောက်ခြင်း မပြုကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်န၀ါရီ ၁၉ရက် ၌ သတင်းထုတ်ပြန်ထားသည်။

ဆီလန်ဂေါပြည်နယ် ဆာ လာရန်းနယ်မြေတွင် ပဋိပက္ခအ သွင်ဆောင်သော အပြန်အလှန် လက်တုံ့ပြန်   တိုက်ခိုက်မှုများ ကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့သ ဖြင့် အဆိုပါနယ်မြေသို့ သွား ရောက်ခြင်းမပြုကြရန်နှင့် အ ကြောင်းတစ်စုံတစ်ရာရှိ၍ ပြင်ပ သို့ သွားရောက်ရာတွင်လည်း လုံခြုံရေးအထူးသတိထားသွားလာကြရန် မြန်မာသံရုံးက သတိပေးထားခြင်းဖြစ်သည်။
မလေးရှားရှိ မြန်မာမွတ်စ လင်အဖွဲ့နှင့် မလေးရှားဒေသခံ အချို့ နယ်မြေလုရာမှ အကြမ်း ဖက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု မလေးရှားအာဏာပိုင် များနှင့် သတင်းမီဒီယာများက ပြောဆိုထားသော်လည်း မြန်မာ မွတ်စလင်အဖွဲ့တွင်ပါဝင်သော သူများသည် မြန်မာနိုင်ငံသားများမဟုတ်ကြောင်း ဆာလာရန်းတွင် နေထိုင်သော မြန်မာလုပ်သားများ ကပြောသည်။

 ‘‘ရိုဟင်ဂျာတွေလို့ပြောရ မယ်။ သူတို့က မြန်မာစကားတော့ ပြောတတ်တယ်။ ဒါပေမဲ့ မြန်မာ ပတ်စပို့စ်တွေ ကိုင်ထားတဲ့သူတွေ တော့မဟုတ်ဘူး။ အဲဒါကိုမြန်မာ မွတ်စလင်တွေလို့ သက်သက်မဲ့ သုံးနှုန်းနေတာ’’ဟု ဆာလာရန်း တွင်နေလုပ်ကိုင်နေသော ကိုမြတ် သူကပြောသည်။
ဇန်န၀ါရီ ၁၃ရက်မှစ၍ သုံး ရက်ဆက်တိုက် အကြမ်းဖက်မှု ဖြစ်ပွားပြီး ယင်းနယ်မြေ ကို မလေးရှားရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်စွာချထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အခုတော့ တည်ငြိမ်နေပြီ လို့သိရပါတယ်။ အကြမ်းဖက်မှု မှာပါဝင်တဲ့ လူ ၇၀လောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့သိ ရပါတယ်။ ကျွန်တော်တို့ကတော့ ဘာမှ ပြဿနာမတတ်အောင် ကိုယ့်မြန်မာနိုင်ငံသားတွေကို သ တိပေးတာပါ’’ဟု ၎င်းကဆက် ပြောသည်။
      ၂၀၁၃တွင် ဆာလာရန်း ဈေး၌ လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံသားများက အကြမ်းဖက်တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံသားငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။
ဆာလာရန်းဈေးကြီးသည် ရွှေ့ပြောင်း မြန်မာနိုင်ငံသားအ များအပြားသွားရောက်လုပ်ကိုင်နေကြသည့် ဈေးကြီးဖြစ်သည်။
 
 
Credit To >>> 7Day News Journal

0 comments:

Post a Comment