Thursday, January 21, 2016

တရားဝင်ကုန်သွယ်ရေး ဆောင်ရွက်ရန် တရုတ်အစိုးရ စတင်ကမ်းလှမ်း


မွေးမြူရေးနှင့်ရေထွက် ကုန်များကို နယ်စပ်ကုန်သွယ် ရေးစခန်းများနှင့် ရေကြောင်းမှ တစ်ဆင့် တရားဝင်ကုန်သွယ်ရန် တရုတ်အစိုးရက မြန်မာနိုင်ငံသို့ စတင်ကမ်းလှမ်းလာကြောင်း သ တင်းရရှိသည်။

မွေးမြူရေးနှင့်ရေထွက်ကုန် များကို နယ်စပ်ကုန်သွယ်ရေးမှ သာ တင်ပို့ရန် တရုတ်အစိုးရက ကန့်သတ်ထားခဲ့ရာမှ ယခုအခါ တရားဝင်ကုန်သွယ်မှု ဆောင်ရွက် ရန် စတင်ကမ်းလှမ်းလာခြင်းဖြစ် သည်။

‘‘တရုတ်နဲ့မြန်မာ ကုန်သွယ် ရေးလုပ်တာ အားလုံးကပွင့်ပွင့် လင်းလင်းမရှိခဲ့ဘူး။ အခုတော့ သူတို့သဘောထားပြောင်းသွား ပြီ။ သူတို့နဲ့ ကုန်သွယ်ဖို့ ဘာ ကြောင့် ပို့လို့မရတာလဲ။ ဘာတွေ က ပိတ်ထားတာရှိလဲ။ အဲဒါတွေ ကို ပွင့်ပွင့်လင်းလင်း လာမေးပြီး ဆွေးနွေးခဲ့တယ်။ သူတို့ဘက်က စလာတော့ ပိုကောင်းသွားပြီ’’ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အကြီးတန်းအကြံပေး ဒေါက်တာသန်းလှက ဇန်န၀ါရီ တတိယပတ်တွင်ပြောသည်။း

တရုတ်အစိုးရသည် ဒီချုပ် အစိုးရသစ်လက်ထက်တွင် မြန် မာနှင့်တရားဝင် ကုန်သွယ်လိုသ ဖြင့် အအေးခန်းစက်ရုံများကို ဇန် န၀ါရီ စတုတ္ထပတ်၌ ပထမဆုံး အကြိမ် လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ ဦးတင် လှကပြောသည်။

‘‘တရုတ်နိုင်ငံကို တရားဝင် တင်ပို့ဖို့ တရုတ်စစ်ဆေးရေးတွေ လာမယ်။ ဒီက အအေးခန်း ၈၆ရုံ ကို သူတို့စစ်ဆေးပြီးရင် အသိအ မှတ်ပြုလက်မှတ် ထုတ်ပေးမယ်။ ဒါဆိုရင် တရားဝင်တင်ပို့လို့ရပြီ။ အခုလည်း ရေထွက်ကုန်တွေ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ နေတာပဲ’’ဟု ဦးတင်လှကပြော သည်။မြန်မာရေထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးမှ တရုတ် နိုင်ငံသို့ တင်ပို့နေသော်လည်း တရားဝင် ကုန်သွယ်ရေးမဟုတ် ၍ ဈေးနှိမ့်ချဝယ်ယူမှုများ ရှိနေ ကြောင်း ရေထွက်ကုန်တင်ပို့သူ များက ပြောသည်။

တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့မှုကို ၂၀၁၅ စက်တင် ဘာတွင် ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပြီး မွေးမြူရေးနှင့် ရေထွက်ကုန်များကိုလည်း တရားဝင်တင်ပို့နိုင်ရန် ညှိနှိုင်းမှုများအဆင်ပြေပါက ဒီချုပ်အစိုးရသစ် လက်ထက်၌ စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ တရုတ်အစိုးရအဖွဲ့၊ ပြည် နယ်အစိုးရ အရာရှိများနှင့် ကုန် သည်များက သမ္မတ ဦးသိန်းစိန် အစိုးရ လက်ကျန်သက်တမ်းအ တွင်းမြန်မာအစိုးရ အရာရှိများကို ဆက်တိုက်တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရကလည်း တရုတ်နိုင်ငံသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း မွေးရေ၀န်ကြီးဌာန၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment