Tuesday, January 19, 2016

စက်သုံးဆီဈေးနှုန်းများ လျှော့၍ရောင်းချရန် ဆိုင်များကို အသိပေး

 ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း များနှင့်အညီ ဖြစ်သင့်ဖြစ်ထိုက် သော ဈေးနှုန်းဖြစ်ရေးအတွက် ပြည်တွင်းရှိ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသော ကုမ္ပဏီများအနေဖြင့် စက်သုံးဆီဈေးနှုန်းများ လျှော့၍ရောင်းချရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းက ထုတ်ပြန်သည်။



မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း က အပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိသော စက်သုံးဆီဆိပ်ကမ်း ရောက် အရင်းဈေးနှုန်းနှင့် အ ရောင်းဆိုင်များရှိ လက်လီဈေး နှုန်းမှာ များစွာ ကွာဟလျက်ရှိ သောကြောင့် သတ်မှတ်ဈေးနှုန်း ထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချရန် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသော ကုမ္ပဏီများ ကို အသိပေးခြင်းဖြစ်သည်။
ပြည်တွင်းလက်လီစက်သုံး ဆီဆိုင်များရှိ ဒီဇယ်၊ အဆင့်မြင့် ဒီဇယ်၊ Ron 92 နှင့် Ron 95 တို့ ၏ ဈေးနှုန်းများမှာ တစ်လီတာလျှင် ၆၀၀ ကျပ်ကျော်မှ ၇၀၀ ကျော်အထိ ရှိနေပြီး ယခုအခါကျပ် ၅၀၀ကျပ်မှ ၆၀၀ကျော်အတွင်းရောင်းချရန် ဈေးနှုန်းလျှော့ချ သတ်မှတ်ခြင်းဖြစ်သည်။
နိုင်ငံတကာတွင် စက်သုံး ဆီဈေးနှုန်းကျဆင်းလျက်ရှိသော် လည်း မြန်မာနိုင်ငံရှိ စက်သုံးဆီ ဆိုင်များတွင် ဈေးနှုန်းမြင့်မားနေ မှုကြောင့် အများပြည်သူများ ၀ယ် ယူသုံးစွဲမှု အဆင်ပြေစေရန်ဈေး နှုန်းလျှော့ချ သတ်မှတ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း သည် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ချက်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ၏ လမ်းညွှန်ချက် အရ အဖွဲ့ဝင် ၁၂ ဦးပါဝင်သောစက်သုံးဆီဈေးနှုန်းထိန်းသိမ်းရေးအဖွဲ့ကို ၂၀၁၅ ဧပြီတွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

Credit To >>> 7Day News 

0 comments:

Post a Comment