Wednesday, January 6, 2016

ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြ တကသကျောင်းသားများအမှု တရားသူကြီး အပြောင်း အရွှေ့ကြောင့် လာမည့်ရုံးချိန်းမှ ပြန်လည် စတင်စစ်ဆေးမည်

ဖွဲ့စည်းပုံပြင် ဆင်ရေးဆန္ဒပြမှုကြောင့် ဖမ်းဆီးခံ ထားရသည့် တကသကျောင်းသား များ၏အမှုအား လာမည့်ရုံးချိန်းတွင် အစမှ ပြန်လည်စစ်ဆေးမည်ဖြစ် ကြောင်း အမှုအားလိုက်ပါဆောင် ရွက် ပေးနေ သည့် ရှေ့နေထံမှ သိရသည်။

တကသကျောင်းသား ကိုဇေ ယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်း တို့အား ဇန်နဝါရီ ၅ ရက်တွင် ပန်းဘဲ တန်းမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ သည်။ ဖမ်းဝရမ်းထုတ်ခံထားရသည့် တကသကျောင်းသား ကိုနန်းလင်း အား ဒီဇင်ဘာလတွင် ဖမ်းဆီးရမိခဲ့ ပြီးနောက် ယင်းအမှုကို ပြန်လည် စစ်ဆေးရန် လုပ်ဆောင်နေခြင်းဖြစ် သည်။ မြို့နယ်တရားသူကြီး ပြောင်း ရွှေ့သွား သည့်အတွက် လာမည့်ရုံး ချိန်းတွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအမှုအားလိုက် ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ''၁၉ ရက် နေ့ပြန်ချိန်းတယ်။ အဲ့ဒီနေ့ကျရင် တရားလိုကို စစ်ဖို့ ခေါ်ထားတယ်။ တရားသူကြီးအသစ်လည်း ရောက် မှာ။ ကိုနန်းလင်း ကို ဖမ်းမိတဲ့အတွက် အစကနေ ပြန်စစ်ရမှာ။ အစက ပြန်စစ်ရ မှာဖြစ်တဲ့ အတွက် တရား လိုကိုခေါ်ထားတယ်''ဟု ပြောသည်။
ကျောက်တံတားမြို့နယ်မှ ဒု ရဲမှူးကျော်ကျော်လွင်မှ တရားလို ပြုလုပ် ကာတရား စွဲဆိုထားသည့် အမှုအား ဇန်နဝါရီ ၁၉ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး ပန်းဘဲတန်း မြို့နယ်မှ တရားစွဲဆိုထားသည့်အမှု အား ဇန်နဝါရီ ၁၂ရက်တွင် ရုံးချိန်း ထားကြောင်း သိရသည်။
တကသကျောင်းသား ကိုပိုင် ရဲသူက''နိုင်ငံရေးအကျဉ်းသားတွေ အကုန် လုံး ထောင်ထဲထည့်ထားပြီး တော့ အာဏာလွှဲပြောင်းဖို့ လုပ် တယ်ဆိုတာ မဖြစ်သင့်ဘူး။ တကယ် လို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တကယ့် ကို အာဏာလွှဲ မ ယ်ဆိုတဲ့ ရည်ရွယ် ချက်ကောင်းရင် နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေး ရ မှာပေါ့။ အခု ဟာက နိုင်ငံရေးအကျဉ်းသားတွေ ကိုမလွှတ်ဘဲနဲ့ ထားထား တဲ့ ကိစ္စက သူ့မှာဘာရည်ရွယ်ချက်တွေ၊ ဘာ အကြောင်းပြ ချက်တွေ ရှိနေလဲ ဆို တာကို ကျွန်တော်တို့ သံသယရှိ တယ်။ အဲ့ဒီအတွက်လည်း ပြည် သူ လူထုအနေနဲ့ သတိထားဖို့လိုအပ် တယ်''ဟု ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြမှု ကြောင့် တကသကျောင်းသားများ ဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ နှင့် ကိုနန်းလင်းတို့အား ကျောက်တံ တားရဲ စခန်းနှင့် ပန်းဘဲတန်းရဲစခန်း တို့မှ နိုင်ငံတော်အကြည်ညိုပျက်စေ မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။
Credit to >>>Democracy Today

0 comments:

Post a Comment