Wednesday, January 13, 2016

ဆီးရီးယားသမ္မတကို ခိုလှုံခွင့်ပေးရေးကိစ္စ ထုတ်ပြောရန် စောလွန်းသေးကြောင်း သမ္မတပူတင် ပြောကြား


ဆီရီးယားသမ္မတ ဘာရှာအာဆတ် ကို ရုရှားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ပေး-မပေး နှင့်ပတ်သက်၍ ထုတ်ဖော် ပြောကြားရန် အချိန်စောလွန်း သေးကြောင်း ရုရှားသမ္မတ ပူတင် က ယမန်နေ့တွင် ဂျာမန် သတင်းစာ တစ်စောင်သို့ ပြောကြား ခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှာအာဆတ် သည် ရုရှားသမ္မတ၏ အဓိက မဟာမိတ် တစ်ဦး ဖြစ်သော်လည်း နိုင်ငံတကာ ဆီးရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အဟန့်အတား တစ်ရပ်အဖြစ် ရပ်တည်နေကြောင်း အေပီ သတင်းဌာနက ရေးသား ဖော်ပြထားသည်။
ရုရှား အစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံ၏ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ရေး လုပ်ငန်းကို ထောက်ခံကြောင်း ၊ ဆီးရီးယား နိုင်ငံ၌ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများ ကျင်းပချိန်တွင် သမ္မတ အာဆတ် အနေဖြင့် ရွေးကောက်ခံ သမ္မတ အဖြစ် ရပ်တည်နိုင်သည် ဖြစ်စေ ၊ မရပ်တည် နိုင်သည်ဖြစ်စေ မည်သည့်နေရာ ကိုမှ သွားရောက်ရန် အကြောင်း ရှိလိမ့်မည် မဟုတ်ကြောင်း ရုရှား သမ္မတ ပူတင် က ဘေးလ် အမည်ရှိ ဂျာမန် နေ့စဉ် သတင်းစာ တစ်စောင်သို့ ထုတ်ဖော် ပြောကြား ခဲ့သည်။
အလားတူ သမ္မတ အာဆတ် ကို ဖယ်ရှားရေး လုပ်ငန်းတွင် ရုရှားအစိုးရ က တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်နေသည် ဟူသော ထင်ကြေးများကို သမ္မတ ပူတင် က ငြင်းပယ်ခဲ့ သော်လည်း သမ္မတ အာဆတ်ကို နိုင်ငံရေး ခိုလှုံခွင့် ပေးလိုပါက ခက်ခက်ခဲခဲ လုပ်ဆောင် ရလိမ့်မည် မဟုတ်ကြောင်း အရိပ်အမြွတ် ပြောကြား ခဲ့သည်။
ရုရှားနိုင်ငံသည် အမေရိကန် သတင်းဖော်ကောင် အက်ဒွပ်စနိုဒန် ကို နိုင်ငံတွင်း ခိုလှုံခွင့် ပေးခဲ့ဖူးကြောင်း ၊ စနိုဒန် ကို ခိုလှုံခွင့် ပေးရခြင်းသည် ဆီးရီးယား သမ္မတ အာဆတ် ကို ကာကွယ်ရေး ရသည်ထက် ပိုမို ခက်ခဲကြောင်း သမ္မတ ပူတင် က ဆက်လက် ပြောကြား ခဲ့သည်။
ရုရှား ၊ အမေရိကန် ပြည်ထောင်စု နှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများ သည် ဆီးရီးယား အစိုးရနှင့် သူပုန်များအကြား ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ကြိုးပမ်းနေ သော်လည်း သမ္မတ အာဆတ် ၏ အနာဂတ် နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေဆဲ ဖြစ်ကြောင်း သိရသည်။
Credit to >>> Mirror Daily

0 comments:

Post a Comment