
Viber ကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပရှိ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသော
ဖုန်းလိုင်း များကို ခေါ်ဆိုရန် နိုင်ငံအတွင်း Red Dot အရောင်းဆိုင်များတွင်
ကြိုတင်ငွေဖြည့်သွင်းများ ပြုလုပ်ပေးသွားမည်ဟု Viber မှ သတင်း
ပြန်ကြားရေးတာဝန်ခံက ပြော သည်။
နိုင်ငံအတွင်း၌ ချိတ်ဆက် ထားသည့် Red Dot အရောင်း ဆိုင်ပေါင်း ၉
ထောင်ကျော်တွင် Viber Out ခေါ်ဆိုမှုအတွက် ငွေ ဖြည့်သွင်းခြင်းကို
ဒီဂျစ်တယ်စနစ် ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး
ငွေဖြည့်သွင်းနိုင်သည့် ပမာဏကို ကန့်သက်ထားခြင်းမရှိကြောင်း သိရသည်။
“နံပါတ်ပြောပြီးတော့ ဖြည့်သွင်းရုံပါပဲ။ လိုချင်တဲ့ပမာဏကို
ဖြည့်လို့ရတယ်”ဟု Viber မှ ပြန် ကြားရေးတာဝန်ခံ မဖူးဖူးကပြော သည်။
အဆိုပါဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ပထ မ အပတ်အတွင်း စတင်မည်ဖြစ်
ပြီး Viber ထည့်သွင်းထားသည့် မည့်သည့် မိုဘိုင်းနံပါတ်မဆို အ
သုံးပြုနိုင်မည် ဖြစ်သည်။
Viber Out ခေါ်ဆိုမှုအတွက်
သက်မှတ်ဈေးနှုန်းများကို Viber Out မခေါ်ဆိုမီ Get Rates အနေ ဖြင့်
ကြည့်ရှုနိုင်ကြောင်း မိမိခေါ် ဆိုသည့် ဖုန်းနံပါတ်ကို ထည့်သွင်း ၍
ကျသင့်ငွေကို ကြိုတင်ကြည့်ရှု ရာတွင် မြန်မာကျပ်ငွေအနေဖြင့် ပါ
ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မဖူးဖူးက ဆိုသည်။
Viber ကို ကမ္ဘာပေါ်၌
လူဦး ရေ ၆၆၄ သန်းကျော်အသုံးပြုနေ ပြီး မြန်မာနိုင်ငံ၌ လူဦးရေ ၁၈
သန်းခန့်အသုံးပြုနေသည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။ Viber သည်
စာတိုပေး ပို့ခြင်း ၊ Video Call ခေါ်ဆိုခြင်း နှင့် Group အလိုက်
စကားပြောဆိုခြင်းဖြင့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ လူသိများပြားလာခဲ့
ခြင်းဖြစ်သည်။
Credit To >>> Internet Journal
Friday, December 18, 2015
အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသည့် ဖုန်းလိုင်းများကို Viber ဖြင့် အသံခေါ်ဆိုမှု ပြုလုပ်နိုင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment