Friday, December 18, 2015

ဒုတိယအကြိမ် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတိပေးချက် တရုတ်အစိုးရ ထုတ်ပြန်




ပေကျင်းမြို့ရှိ တရုတ်အာဏာပိုင်များသည် ပထမအကြိမ် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတိပေးခဲ့ပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက် သတိပေးချက်ကို ထပ်မံ ထုတ်ပြန်လိုက်သည်။ ပေကျင်းမြို့ပြ၀န်ဆောင်မှု အဖွဲ့က ပေကျင်းမြို့အနေဖြင့် လာမည့် စနေနေ့မှ အင်္ဂါနေ့အထိ မီးခိုးမြူသိပ်သည်းစွာ ကျရောက်မှုနှင့် ကြုံတွေ့နိုင်မည်ဟု ပြောသည်။
အမျိုးသား မိုးလေ၀သ ဗဟိုဌာနက တရုတ်အလယ်ပိုင်းရှိ ရှိအန်ဒေသမှ အရှေ့မြောက်ပိုင်းရှိ ဟာဘင်ဒေသအထိ ကျယ်ပြန့်သော ဒေသအထိ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သတိပေးချက်ဖြင့် မော်တော်ယာဉ် အသုံးပြုခွင့်၊ စက်ရုံနှင့် အဆောက်အဦးများလည်ပတ်ခွင့်တို့ကို တားမြစ်ထားသည်။ အစိုးရအနေဖြင့်လည်း အန္တရာယ်အဆင့်သို့ ရောက်ရှိနေသော တစ်နိုင်ငံလုံးမှ လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချမည်ဟု ကတိပေးထားသည်။

Credit To >>> Democracy News 

0 comments:

Post a Comment