Tuesday, December 1, 2015

မလေးရှားပြည်ဝင်ခွင့်ဗီဇာလျှောက်ထားနိုင်မည့် One Stop Center ဖွင့်လှစ်ဝန်ဆောင်မှုပေးမည်

 မလေးရှားနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းများကို သံရုံးတွင် သွားရောက်လျှောက် ထားရန် မလိုတော့ဘဲ တစ်နေရာ တည်းတွင် အချိန်တိုအတွင်း လျှောက်ထားနိုင်မည့် One Stop Center(OSC)ဌာနတစ်ခုကို ဖွင့် လှစ်ကာ ဒီဇင်ဘာ ၁ ရက်မှစ၍ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ဝန်ဆောင်မှုပေး မည့် OSC ဌာနကို မလေးရှားနိုင် ငံအစိုးရအသိအမှတ်ပြုကုမ္ပဏီ တစ်ခုဖြစ်သည့် Bukti Megah Sdn Bhd နှင့် ပြည်တွင်းမှ Diamond Palace ကုမ္ပဏီတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး အလုပ်လုပ်ရန် သွားခြင်း၊ အလည်အပတ်သွား ခြင်း စသည့် ဗီဇာလျှောက်ထားခြင်း ကိစ္စများ ကို သံရုံးတွင် လက်ခံဆောင်ရွက် ပေးတော့မည်မဟုတ်ဘဲ OSC ဌာ နတွင်သာ သွားရောက်လျှောက် ထားရမည်ဖြစ်သည်။
‘‘ဗီဇာနဲ့ ပတ်သက်တဲ့ ကိစ္စ အားလုံးကို ကျွန်တော်တို့ဌာနမှာ အလွယ်တကူနဲ့အချိန်တိုအတွင်း လျှောက်ထားနိုင်အောင် ဝန် ဆောင်မှုပေးသွားပါမယ်။ သံရုံး က သတ်မှတ်တဲ့ အချက်အလက် တွေ ပြည့်စုံတယ်ဆိုရင် လျှောက် ထားချိန်ဟာ ဆယ်မိနစ်ပဲ ကြာမှာ ဖြစ်ပြီး နောက်တစ်နေ့မှာ ဗီဇာရရှိ မှာ ဖြစ်ပါတယ်’’ဟု Diamond Palace ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်း သန်းက ပြောသည်။
ဒီဇင်ဘာအတွင်း ဗီဇာ လျှောက်ထားခြင်းများအတွက် အပိုဝန်ဆောင်ခများပေးရန်မလို ဘဲ သံရုံးက သတ်မှတ်ထားသည့် ကုန်ကျစရိတ် ခြောက်ဒေါ်လာ သာ ကျသင့်မည်ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီ၌ ဗီဇာလျှောက်ထားခြင်း အတွက် ဝန်ဆောင်ခနှုန်းထားများ ကို တရားဝင်ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
‘‘ဒီဇင်ဘာ ၁ ရက်ကစပြီး သံ တမန်နဲ့အစိုးရဗီဇာကလွဲရင် ကျန်  တဲ့ဗီဇာအမျိုးအစားအားလုံးကို သံရုံးမှာ လက်ခံပြီး ဆောင်ရွက် ပေးတော့မှာ မဟုတ်ပါဘူး။ အ လုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ အ လည်သွားဖို့ပဲဖြစ်ဖြစ် OSC ကနေ ပဲ ဝန်ဆောင်မှုအနေနဲ့ လျှောက် ထားပေးမှာဖြစ်ပါတယ်’’ဟု ဦး သိန်းသန်းက ပြောသည်။
OSC ဌာန၏လိပ်စာ၊ ဗီဇာ လျှောက်ထားခြင်းနှင့်ပတ်သက် သည့် အသေးစိတ်အချက်အ လက်များ သိရှိလိုပါက www.malaysiavisaservices.com တွင် ဝင်ရောက် ကြည့်ရှုနိုင် ကြောင်း သိရသည်။
ဗီဇာလျှောက်ထားမှုများကို တနင်္လာနေ့မှ ကြာသပတေးနေ့ အတွင်း ပြုလုပ်နိုင်ပြီး အလုပ်သ မားဗီဇာများအတွက် နံနက် ၈ နာရီမှ ၉ နာရီအတွင်း၊ အလည် အပတ်ဗီဇာများအတွက် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း လျှောက် ထားနိုင်မည်ဖြစ်သည်။
 
 
Credit To .>>> 7Day News 

0 comments:

Post a Comment