Tuesday, December 1, 2015

မော်လမြိုင်တွင် ပြည်သူပိုင်သိမ်းထားသည့် ကားစီးရေသုံးရာခန့် လေလံတင်ရောင်းမည်

မွန်ပြည်နယ်မော်လ မြိုင်တရားရုံးရှိ လိုင်စင်မဲ့ကားအစီး၂၉၀ကျော်ကို ဒီဇင်ဘာ ၁ရက်တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မော်တော်ယာဉ်လေလံထုခွဲရောင်းချရေးကော်မတီမှ သတင်းရရှိသည်။

 အဆိုပါ မော်တော်ယာဉ် ၂၉၁ စီးကို လိုင်စင်မဲ့အဖြစ် သက် ဆိုင်ရာရဲဌာနများက ဖမ်းဆီးထား ပြီး တရားရုံးသို့ ပေးပို့ထားသည့် ကားများဖြစ်သည်။
အဆိုပါကားများကို လေလံဆွဲမည့်သူများသည် ပြည်နယ်အမျိုးသားစီမံကိန်းရုံးတွင် လေလံတစ်စောင်လျှင် ငါးထောင်ကျပ်ဖြင့် ၀ယ်ယူရမည်ဖြစ်ပြီး စရန်ငွေ ကျပ်သိန်းနှစ်ဆယ်ကို မော်လမြိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂)တွင် နိုဝင်ဘာ ၃၀ရက် နောက်ဆုံးထား၍ ပေးသွင်းရမည်ဖြစ်သည်။
 ‘‘ကားတစ်စီးကို ဘယ် လောက်နဲ့ လေလံပေးရမယ်ဆို တာ ကားအမျိုးအစားကို ကြည့် မယ်။ ကြမ်းခင်းဈေးတွက်ပြီး ကား ရဲ့ ကာလပေါက်ဈေးနဲ့ လေလံပေးမှာပါ။ ဒီနှစ်ကတော့ ပိုင်ရှင်တစ်ယောက်က ကားဘယ်နှစီးယူယူ လေလံတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းပဲ အခွန်ပေးရတော့မယ်။ အရင်နှစ်က ကားတစ်စီးထက်ပိုယူတဲ့သူက အခွန် ၇ ရာခိုင်နှုန်း ပိုပေးရတယ်။ ဒီနှစ်ကားအရေအတွက်ပိုများတာကြောင့်ပါ။ လေလံအောင်ပြီး ကားမယူဖြစ်ရင်တော့ စရန်ငွေသိန်းနှစ်ဆယ် ပြန်မပေးတော့ပါဘူး’’ဟု မော်တော်ယာဉ်လေလံထုခွဲရောင်းချရေးကော်မတီဥက္ကဋ္ဌဒေါက်တာမင်းနွယ်စိုးကပြောသည်။
အဆိုပါကားများသည်မွန် ပြည်နယ်အတွင်းရှိ မြို့နယ်တရား ရုံးများ၌စီရင်ချက်ချပြီး ပြည်သူပိုင် သိမ်းယူထားသည့် ကားများဖြစ် ပြီး လေလံဆွဲထားသည့်ကားမှ ရ ရှိသော ငွေများကို သက်ဆိုင်ရာ တရားရုံးရန်ပုံငွေအဖြစ် သုံးစွဲသွား မည်ဖြစ်ကြောင်း ဒေါက်တာမင်း နွယ်စိုးကပြောသည်။
‘‘နှစ်တိုင်းတော့ ကျွန်တော် လေလံဆွဲဖြစ်တယ်။ လေလံပေး မယ်ဆိုတာ တရားရုံးမှာကြေညာ ထားလို့ လာကြည့်တာပါ။ ကား အမျိုးအစားလိုက်ပြီး ဈေးပေါက် တော့ ဘယ်ကားကိုဘယ်လောက် တန်သလဲဆိုတာ ကျွန်တော်မပြော တတ်ဘူး။ လေလံပေးတဲ့ကားတွေ က သက်ဆိုင်ရာက လိုင်စင်လုပ် ထားပေးပါတယ်’’ဟု ကားလေလံဆွဲမည့် ဦးရဲထွန်းကပြောသည်။
ယခုအစိုးရသက်တမ်းတွင် မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့ ကားများကို ၂၀၁၃တွင် တစ်ကြိမ်၊ ၂၀၁၄တွင် တစ်ကြိမ်၊ ၂၀၁၅ ဒီ ဇင်ဘာ ၁ရက်တွင် တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်လေလံဆွဲ ရောင်းချထားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment