Thursday, December 3, 2015

ကျောက်စိမ်း ထုတ်လုပ်မှုတွင် ဦးမောင်မောင်သိမ်း ပါဝင်သည့် အထောက်အထားများရှိဟု Global Witness တုံ့ပြန်

 ကျောက်စိမ်းထုတ်လုပ် မှုလုပ်ငန်းစာရင်းတွင် ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူး ဟောင်း ဦးမောင်မောင်သိမ်းပါ ဝင်ပတ်သက်မှုရှိသည့်အထောက် အထားများ ၎င်းတို့၌ ခိုင်ခိုင်လုံလုံ ရှိသည်ဟု Global Witness က ဗီအိုအေသတင်းဌာနအား ပြော ကြားခဲ့သည်။

‘‘ကျောက်စိမ်းတွင်းလုပ်ငန်း နဲ့ပတ်သက်သူတွေဆီကရော၊ သတ္တုတွင်းမှာ လုပ်ကိုင်နေကြသူ တွေရဲ့ပြောပြချက်တွေအရရော၊ ကုမ္ပဏီတွေရဲ့ စာရွက်စာတမ်း တွေအရရော ဒီအချက်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်မတို့ အခုလိုဖော်ပြခဲ့တဲ့ အချက်တွေနဲ့ပတ်သက်လို့ ဘာကြောင့် မမှန်ကန်ဘူးဆိုတာကိုလည်း အခိုင်အလုံ သူက ထုတ် ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါ ကြောင့် ကျွန်မတို့ကနဦး ပြောခဲ့တဲ့ အချက်တွေဟာ မှန်ကန်တယ်ဆိုတာကို ကျွန်မတို့က ဆက်လက်စွဲကိုင်ထားတာဖြစ်ပါတယ်’’ဟု ဒီဇင်ဘာ ၁ ရက်တွင် Global Witness အစီရင်ခံစာရေးသားသူ ဂျူမန်ခတ်ဘာက ဗီအိုအေသတင်းဌာနအား ပြောသည်။
ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းထုတ်လုပ်သည့်ကုမ္ပ ဏီပိုင်ဆိုင်မှုနှင့် အကျိုးအမြတ် များရယူခံစားခြင်းမရှိဟုဆိုသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏ ငြင်းဆိုမှု သည် ခိုင်လုံသည့်ထုတ်ဖော်ပြော ဆိုမှုများမဟုတ်ကြောင်း Global Witness အစီရင်ခံစာရေးသားသူ ဂျူမန်ခတ်ဘာက ဗီအိုအေသတင်းဌာနအား ပြောခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာ မထုတ်ပြန်မီ Global Witness အဖွဲ့က ပေးပို့ ခဲ့သော အိတ်ဖွင့်စာကို တုံ့ပြန်လို ခြင်းမရှိဟု ပြန်ကြားခဲ့ပြီး အဖွဲ့၏ စွပ်စွဲချက် မမှန်ကန်ပါက ထိုအချိန်တွင် ငြင်းချက်ထုတ်သင့် ကြောင်း၊ ၎င်းတို့တွေ့ရှိထားသည့် အချက်အလက်များသည် ခိုင်လုံ မှုမရှိကြောင်း၊ ယခုကဲ့သို့ ပြန် လည်ချေပမှုကို ကြိုဆိုသော် လည်း အချက်အလက်အတိအ ကျ တုံ့ ပြန်ပြောဆိုခြင်းမရှိသည်ကို တွေ့ရကြောင်း Global Witness အစီရင်ခံစာရေးသားသူ ဂျူမန် ခတ်ဘာက ပြောသည်။
Golbal Witness ၏အစီရင် ခံစာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေ ထွေအတွင်းရေးမှူးဟောင်း ဦး မောင်မောင်သိမ်းအပါအဝင် တပ် မတော်ထိပ်ပိုင်းခေါင်းဆောင်များ သည် ၂၀၁၄ ကျောက်စိမ်းအ ရောင်းပြပွဲတွင် အခွန်မဆောင်မီ ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်း ၂၂၀ နှင့် ၂၀၁၃ အရောင်းပြ ပွဲတွင် အမေရိကန်ဒေါ်လာ ၆၇ သန်းရောင်းချခဲ့သည်ဟု ဖော်ပြ ထားသည်။
ဖားကန့်မြို့နယ်ရှိ ကျောက် စိမ်းထုတ်လုပ်မှုလုပ်ငန်းများတွင် ဦးမောင်မောင်သိမ်းပါဝင်ပတ် သက်သည့်အထောက်အထား များခိုင်ခိုင်လုံလုံရှိသည်ဆိုပါက ထုတ်ဖော်ပြောဆိုရန် မျိုးနွယ် ကျောက်မျက်ကုမ္ပဏီဒါရိုက်တာ ဦးနေအောင်က Global Witness အဖွဲ့အား ပြန်လည်တုံ့ပြန်လိုက် သည်။
‘‘သူတို့ဘက်မှာအထောက် အထားခိုင်ခိုင်လုံလုံရှိတယ်ဆို လည်း ဖော်ထုတ်လိုက်ပါ။ ကျွန် တော်သိသလောက် လုံးဝအာမခံ တယ်။ သူတို့အထောက်အထား က တကယ်မှန်ကန်တယ်ဆိုရင် ရှောင်လွှဲလို့ မရဘူး။ ဟုတ်မှမ ဟုတ်ပဲ။ အထောက်အထားခိုင် လုံရင် လုပ်လိုက်ပါ။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရ ဦးမယ်’’ဟု ဦးမောင်မောင်သိမ်း၏ သား ဦးနေအောင်က Global Wit-ness အဖွဲ့ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
Global Witness အစီရင်ခံ စာတွင် စွပ်စွဲခံထားရသော တပ်မ တော်ခေါင်းဆောင်များနှင့် ပတ် သက်၍ စွပ်စွဲထားချက်များမှန်၊ မမှန် မသိရှိသော်လည်း သူ့အ ပေါ် စွပ်စွဲထားချက်များမှာမဟုတ် ကြောင်း ဘဝနှင့်ထပ်၍ အာမခံ သည်ဟု ဦးမောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မျိုးနွယ်ကုမ္ပဏီတွင် ဒါရိုက် တာအဖြစ် လုပ်ကိုင်နေသူ ဦးနေ အောင်သည် ၎င်း၏သားဖြစ်သည် မှာမှန်ကန်ကြောင်း၊ မျိုးနွယ်ကုမ္ပ ဏီတွင် ဒါရိုက်တာအဖြစ် လုပ် ကိုင်နေသော်လည်း ငွေကြေးစိုက် ထုတ်မှုမရှိဘဲ ဘူမိကျွမ်းကျင်သူ အဖြစ်သာ သူငယ်ချင်းတည်ထောင် ထားသည့် ကုမ္ပဏီတွင် လုပ်ကိုင် ခြင်းဖြစ်ကြောင်း ဦးမောင်မောင် သိမ်းက ပြောကြားခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲ တွင် ဦးမောင်မောင်သိမ်းက မဟုတ်မှန်ကြောင်း ထုတ်ဖော်ပြော ဆိုခြင်းဖြစ်ပြီး Global Witness ကို တရားစွဲဆိုရန်မရှိကြောင်း၊ Global Witness က တုံ့ပြန်ပြောဆို မည်ဟု ၎င်းမျှော်လင့်ထားသော် လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ထပ်မံပြောဆိုတော့မည်မဟုတ် ကြောင်း သတင်းထောက်များကမေးမြန်းစဉ် ဖြေကြားခဲ့သည်။
ဦးမောင်မောင်သိမ်းက Global Witness ၏ အိတ်ဖွင့်စာ အတွက် နိုဝင်ဘာ ၂၇ ရက်တွင် အီး မေးလ်စာတစ်စောင်နှင့် စာတိုက် မှ စာတစ်စောင် အကြောင်းပြန် ပေးပို့ ခဲ့ကြောင်း ပြောသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment