Friday, December 18, 2015

ဆီးရီးယားအစိုးရ လူ ၇ ထောင်ကျော်ကို သတ်ဖြတ်ညှင်းဆဲခဲ့




ရုရှအစိုးရက စစ်ရေးအကူအညီပေးနေတဲ့ အာဆတ်ဦးဆောင်တဲ့ ဆီးရီးယားအစိုးရဟာ အကျဉ်းထောင်တွေထဲမှာ လူ ၇ ထောင်ကျော်ကို နှိပ်စက် ညှင်းဆဲ သတ်ဖြတ်ခဲ့တဲ့ သက်သေအထောက်အထားတွေ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဖော်ထုတ် အစီရင်ခံလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နောက်ပိုင်း နိုင်ငံတဝန်းက အကျဉ်းစခန်း ၅ ခုမှာ လူပေါင်း ၁၁၇၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ ဒီအစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က မော်စကိုမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၅ နှစ်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲ ရပ်တန့်သွားရေး ခက်ခဲနေဆဲပါ။ ဆီးရီးယား အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အထဲ IS အိုင်အက်စ်တွေပါသလို အမေရိကန်က ထောက်ပံ့တဲ့ အလယ်အလတ်သဘောထားရှိတဲ့ သူပုန်တွေပါပါတယ်။ ရုရှက ဆီးရီးယားအစိုးရကို ကူညီတိုက်ခိုက်နေပြီး ပြင်သစ်၊ဂျာမန်၊ အမေရိကန်က ဆီးရီးယားအစိုးရကို မထောက်ခံပေမယ့် IS အိုင်အက်စ်ကို တိုက်ပါတယ်။

Credit To .>>> Irrawaddy News

0 comments:

Post a Comment