Thursday, December 24, 2015

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုထိခိုက်လွယ်ဆုံး နိုင်ငံ ၁၀ နိုင်ငံထဲ တွင် မြန်မာ နိုင်ငံပါဝင်နေ


မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်း လဲမှုထိခိုက်လွယ်ဆုံး နိုင်ငံ ၁၀ နိုင်ငံ ထဲတွင် ပါဝင်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက် တာသက် သက်ဇင် က ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက် ဂရင်း အမရ ဟိုတယ် နေပြည်တော် တွင်ကျင်းပ ပြုလုပ် သည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင် နိုင် ငံများ၏ (၂၁) ကြိမ်မြောက် ညီလာခံဆိုင်ရာ အတွေ့အကြုံရှင်း လင်းပွဲ တွင် ယင်းသို့ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

''မြန်မာနိုင်ငံအနေနဲ့ ရာသီဥတု ပြောင်းလဲမှုလျှော့ချဖို့၊ လိုက်လျော ညီထွေ ရှိစေဖို့၊ ပိုမိုအလေးထားဖို့လို အပ်ပါတယ်။ အခု အခါ မြန်မာ နိုင်ငံ ဆိုင်ရာ အမျိုးသားအဆင့် ဘက်စုံဖွံ့ ဖြိုးတိုက်တက်မှုစီမံချက် (National Comprehensive Development Plan)NCDP ရဲ့ အဓိကမဟာဗျူဟာ ကဏ္ဍတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးမူဝါဒဆိုင်ရာ မဟာဗျူဟာ ကို ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီ အစဉ်နှင့် ပူးပေါင်းရေးဆွဲထားပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုအစီ အစဉ်များတွက် အရှိန်အဟုန် မြှင့် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်သွား ရန်ချမှတ်ထားပါတယ်''ဟု ဒေါက် တာသက်သက်ဇင်ကပြောသည်။

အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုး တိုးတက် မှုစီမံချက် (NCDP) ၏ မဟာ ဗျူဟာအပေါ်အခြေခံပြီး ရေရှည်တွင် ရာသီဥတုပြောင်းလဲ မှုလျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးတို့ ကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ် နိုင်ရန် ယခုအခါတွင် ရာသီဥတုပြောင်း လဲမှုဆိုင်ရာမူဘောင်၊ မဟာဗျူဟာ နှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ဥရော ပသမဂ္ဂ၏ ငွေကြေးအထောက် အပံ့ဖြင့် ကုလသမဂ္ဂ ပတ်ဝန်း ကျင် အစီအစဉ်နှင့် ကုလသမဂ္ဂအခြေ ချ နေထိုင်မှု အစီအစဉ်တို့၏ နည်းပညာ အကူအညီဖြင့် ရေး ဆွဲဆောင်ရွက်လျက် ရှိကြောင်း ၊ လတ်တလောကြုံတွေ့နေ ရသည့် ရာသီဥတုပြောင်းလဲမှုကို ယူ အင်န်၊ အင်န်ဂျီအိုအဖွဲ့ အစည်းများမှ ပညာရှင်များ၏ နည်းပညာအကူ အညီဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးရန်ပုံငွေအဖွဲ့၏ ငွေကြေး အထောက်အပံ့တို့ဖြင့် သစ်တော ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေလုပ်ငန်း ကဏ္ဍ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် သက် ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် အင်န် ဂျီအိုအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထုတို့နှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။

၂၀၁၆ ခုနှစ် ကမ္ဘာ့ရာသီဥတု ဆိုင်ရာ အန္တရာယ်ညွှန်းကိန်းအရ မြန်မာ၊ ဟွန်းဒူးရပ်စ်နှင့် ဟေတီတို့ သည် အပြင်းထန်ဆုံးခံ ရသည့် ထိပ် ဆုံးနိုင်ငံများဖြစ်ပြီး၊ ယင်းသုံးနိုင်ငံ ပြီးလျှင် ဖိလစ်ပိုင်၊ နီကာရာဂွါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွါတီမာလာနိုင်ငံတို့သည် လည်း ရာသီဥတုအဆိုးရွားဆုံးကို ကြုံတွေ့နေရကြောင်း၊ ယင်းအပြင် ဆာဘီးယား၊ အာဖဂန် နစ္စတန် ၊ ဘော့ စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတို့ သည်လည်း ၂၀၁၄ ခုနှစ်ထက် ရာ သီဥတုပြင်းထန်မှုကို ခံစားနေရ ကြောင်း ၊ အနှစ်နှစ် ဆယ်အတွင်း မုန်တိုင်း၊ ရေကြီးရေ လျှံ၊ မြေပြိုမှု၊ မိုး ခေါင်ရေ ရှားမှု တို့ကို ကြုံတွေ့နေကြ ရကြောင်း ဒီဇင်ဘာလ အတွင်းက ရာသီဥတု ဆိုင်ရာ ထုတ်ပြန်ချက်တစ် ခုတွင် ရေးသားဖော်ပြထားသည်။

Credit To >>> Democracy News

0 comments:

Post a Comment