Thursday, December 24, 2015

ရေငုပ်သင်္ဘောအဖြစ် အသုံးပြုနိုင်မည့် အဝေးထိန်းလေယာဉ်

ရတ်ဂါတက္ကသိုလ်မှ တီထွင်ထားသော ဒရုန်းသည် ရေတပ်သုတေသနရုံးမှ သုတေသနပြုလုပ်ရန် ကန်ဒေါ်လာ ၆၁၈,၀၀၀ ရရှိထားသည်။ ၎င်းအဝေးထိန်းလေယာဉ်သည် လေထုထဲတွင်သာမက ရေအောက်တွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

အဆိုပါ အဝေးထိန်းလေယာဉ်သည် မကြာမီတွင် အမေရိကန်ရေတပ်အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်တော့မည် အပြင် ပင်လယ်မိုင်းတွင်းများကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။ Naviator ဟု အမည်ရသော အဆိုပါအဝေးထိန်းလေယာဉ်သည် လောင်စာယိုစိမ့်ခြင်းကို စောင့်ကြည့်ရန်လည်း အသုံးဝင်မည် ဖြစ်ပြီး လာမည့်နှစ်နွေရာသီတွင် ပင်လယ်ရေအောက်၌ စမ်းသပ်မှုများ ပြုလုပ်ရန် အဆင့်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သုတေသီများ ပြောကြားခဲ့သည်။

Naviator အဝေးထိန်းလေယာဉ်ကို တည်ဆောက်ခဲ့သူ ဂျာဗီယာဒီယက်ဇ်မှာ ယန္တရားနှင့် လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ ဌာနမှ ပါမောက္ခတစ်ဦးဖြစ်သည်။ ၎င်းသည် ဘွဲ့လွန်နှင့် ဘွဲ့ကြိုကျောင်းသားများ အကူအညီဖြင့် အဆိုပါယာဉ်ကို နှစ်ပေါင်းများစွာ ကြာမြင့်အောင် ဖန်တီးခဲ့သည်။ ယခုအစောပိုင်းတွင် ရေတပ်သုတေသန အာဏာပိုင်များကို လက်တွေ့စမ်းသပ်ပြခဲ့ပြီးနောက် ရံပုံငွေများ အလျင်အမြန်ရရှိခဲ့သည်။

၎င်းအဝေးထိန်းလေယာဉ်၏ စိတ်ကူးသည် ပျံသန်းနိုင်သလို ရေတွင် ကူးခတ်နိုင်သော တိရစ္ဆာန်အချို့၏ ကျွမ်းကျင်မှုများနှင့် ဆင်တူသည်။ ယခု အဝေးထိန်းလေယာဉ်သည် လေထုနှင့် ရေထုတွင်ပါ ညီမျှသည့် စွမ်းဆောင်ရည်ကို ပြုလုပ်နိုင်သော သဘာဝရှိကြောင်း ယာဉ်ဒီဇိုင်းရေးဆွဲသူက ပြောကြားခဲ့သည်။

အဆိုပါအဝေးထိန်းလေယာဉ်သည် ရေတပ်တွင် များစွာ အသုံးဝင်လာမည် ဖြစ်သည်။ အသွင်ပြောင်းလဲနိုင်သော ယာဉ်သည် ရေမျက်နှာပြင်အထက်နှင့် အောက်တွင် ရှာဖွေမှုများ ပြုလုပ်ပြီး ပျောက်ဆုံးနေသော ရေကူးသူနှင့် သင်္ဘောသားများကို အတိအကျခြေရာခံပေးနိုင်မည် ဖြစ်သည်။

Credit To >>> Internet Journal

0 comments:

Post a Comment