
ဆန္ဒပြအလုပ်သမားများသည် မြန်မာ အလုပ်သမားဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်မှု မပေးနိုင်ခြင်း၊ မြန်မာအလုပ်သမားများ၏ လုံခြုံရေးကို ပွဲစား အေဂျင်စီများ၏လက်ထဲသို့ အပ်နှံထားခြင်း၊ အလုပ်သမားများအပေါ် အမြဲတမ်း ခေါင်းပုံဖြတ်ရန် အကွက်ရှာနေခြင်း၊ အထူးသဖြင့် MOU အလုပ်သမားများ၏ ပြဿနာများကို တာဝန်ယူ မဖြေရှင်းပေးနိုင်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများကိုင်ဆောင်ထားသည့် ပက်စပိုစ့်သက်တမ်း ၆ နှစ်ပြည့်ကိစ္စပြေလည်အောင်မဖြေရှင်းပေးနိုင်ခြင်း တို့ကြောင်း ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများက MOU ပွဲစား ကျွန်စနစ် အလိုမရှိ၊ MOU အလုပ်သမားပြဿနာများ မဖြေရှင်းနိုင်သည့် MOEAF ဥက္ကဌနှင့် အပေါင်းအပါများ အမြန်နှုတ်ထွက်ပေး၊ ပတ်စပိုစ့် work permit ရှိရင် မဖမ်းနဲ့၊ ၂၀၁၅ ခုနှစ်က အိမ်ပြန်စရိတ် အလုပ်သမားတယောက်ခြင်းစီက ကောက်ခံထားသည့် ဘတ်တထောင် ပြန်တောင်းပေး၊ ပတ်စပိုစ့် ၆ နှစ် သက်တမ်းပြည့် အလုပ်သမားများအရေး အမြန်ဖြေရှင်းပေး စသည့် ကြွေးကျော်သံများဖြင့် ဆန္ဒပြတောင်းဆိုနေကြလျှက်ရှိသည်။
Credit To >>> Irrawaddy News
0 comments:
Post a Comment