Tuesday, December 15, 2015

ဂျပန်ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်း၍ ပထမဆုံး ခေတ်မီကားစမ်းသပ်ဝန်ဆောင်မှု စစ်ကိုင်း၌ စတင်ဖွင့်လှစ်


 ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ခေတ်မီအသက် မွေးဝမ်းကျောင်း အတတ်ပညာများ ထွန်းကားရေးအတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့အခြေစိုက် Ducks international Co.,Ltd နှင့် Millemiun Auto Service Japan Co.,Ltd တို့ပူးပေါင်းကာ ကားဆားဗစ်စင်တာတစ်ခုကို စစ်ကိုင်းမြို့ မန္တလေး-မုံရွာလမ်းမကြီးအနီးတွင် ဒီဇင်ဘာ ၁၃ ရက်က ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

အထူးသဖြင့် ဒေသခံလူငယ်များအလုပ်အကိုင်ရရှိရေး၊ ခေတ်မီအသက် မွေးဝမ်းကျောင်းပညာရရှိရေးအတွက် ဂျပန်ကုမ္ပဏီနှင့် သဘောတူညီမှုရယူ ထားပြီး ပထမဦးစွာ မြန်မာလူငယ်ငါးဦးတို့အား စာတွေ့၊ လက်တွေ့ နည်းပညာ များ သင်ကြားပေးသွားမည်ဖြစ်ကာ ယင်းတို့အနက်မှ ထူးချွန်သူလူငယ်သုံးဦးကို ဂျပန်နိုင်ငံသို့ ကုမ္ပဏီစရိတ်ဖြင့် ပညာသင်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း Millemiun Auto Service Japan Co.,Ltd ဒါရိုက်တာ ဦးသူရကျော်က ပြောကြားသည်။
''ဒေသခံလူငယ်တွေကို ဦးစားပေးပြီး အလုပ်အကိုင်ခန့်ထားပြီး ပညာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အားကိုးအားထားပြုစရာ မိဘမရှိသူ၊ ဆင်းရဲ နွမ်းပါးသူတွေနဲ့ ကျေးလက်ကလူငယ်တွေကို ဦးစားပေးခန့်ထားပေးသွားမှာပါ။ ပညာအခြေခံရှိဖို့ထက် တကယ်ကြိုးကြိုးစားစားလုပ်ကိုင်သွားဖို့ပဲ လိုအပ်ပါ တယ်။ ဂျပန်ပညာရှင်နဲ့ တွဲဖက်ပြီးလုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်''ဟု `၎င်းက ဆက်လက်ပြောကြားသည်။
ဂျပန်နိုင်ငံတွင် မော်တော်ယာဉ်များ၏ကြံ့ခိုင်ရေးကို ခြောက်လတစ်ကြိမ် စစ်ဆေးမှုခံယူပြီးမှသာ မောင်းနှင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ထိုစနစ်မျိုး မရှိသေးသော်လည်း တစ်ချိန်တွင် ကျင့်သုံးလာမည်ဟု ယူဆပါကြောင်း၊ မိမိအနေဖြင့် ပညာသင်ယူမည့်လူငယ်များကို အချိန်မည်မျှကြာကြာ တတ်မြောက်မှုရှိအောင် စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဂျပန်နည်းပညာရှင် Shingo Ayabe က ပြောကြားသည်။
အဆိုပါ ကားဆားဗစ်စင်တာတွင် ဂျပန်နိုင်ငံမှ နည်းပညာရှင် Shingo Ayabe(Branch Manager) က ဦးစီးကာ နောက်ဆုံးပေါ်အမျိုးအစား၊ ခေတ်မီမော်တော်ယာဉ်များကို လေးလအာမခံစနစ်ဖြင့် အင်ဂျင်စက်ပိုင်း၊ ကိုယ်ထည် အောက်ပိုင်း၊ ဘီးအလိုင်းမင်း၊ ရှေ့မှန်မြင်ကွင်းပိုင်းနှင့် စင်ဆာ(Sensor) ပိုင်းစသည့် စစ်ဆေးမှုဆိုင်ရာခြောက်မျိုးကို ခေတ်မီစက်ကိရိယာ များဖြင့် စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> MOI Webportal Myanmar 

0 comments:

Post a Comment