Tuesday, December 15, 2015

သန်လျင်မြို့တွင်း နိုင်ငံခြားသားများဝင်ရောက်လေ့လာ




မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များသည် နှစ်စဉ် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ လိုက်သော်လည်းကောင်း ဝင်ရောက် လေ့လာလျက်ရှိရာ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် များ ဝင်ရောက်လေ့လာမှု ပိုမိုများလာသည်ကို တွေ့မြင်ရသည်။

ထိုသို့ နိုင်ငံခြားသားများ ဝင်ရောက်လေ့လာလျက်ရှိရာ ယနေ့နံနက်ပိုင်းက သန်လျင်မြို့တွင်းသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ မြင်းလှည်းများဖြင့် လှည့်လည်လေ့လာနေကြသည်ကို တွေ့မြင်ရသည်။
ယခုကဲ့သို့ သန်လျင်မြို့တွင်း နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့လာခြင်းကြောင့် မြင်းလှည်းမောင်း လုပ်သားကြီးများနှင့် အနှေးယာဉ်လုပ်သားကြီးများ ဝင်ငွေများရရှိကြသည်။ မြင်းလှည်းတစ်ခေါက် လိုက်ပို့ရပါက ငွေကျပ်ခြောက်ထောင်ရရှိပြီး အပိုဆုများပါရရှိကြောင်း၊ နှစ်စဉ် နိုင်ငံခြားသားများ ပိုမိုလာရောက်စေချင်ပါကြောင်း မြင်းလှည်းမောင်း လုပ်သားကြီး ဦးတင်လှက ပြောသည်။

Credit To >>> MOI Webportal Myanmar 

0 comments:

Post a Comment