Tuesday, December 1, 2015

အဝေးထိန်းစနစ်တပ်ဆင်မှုမရှိသည့် ယာဉ်များကို အမြန်လမ်းတွင် ပြေးဆွဲခွင့်ပြုမည်မဟုတ်

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ယာဉ်အဝေး ထိန်းစနစ်(telematic)တပ်ဆင် ထားခြင်းမရှိသည့် ခရီးသည်တင် ယာဉ်များကို ဒီဇင်ဘာပထမပတ် မှစ၍ ပြေးဆွဲခွင့်ပြုတော့မည် မ ဟုတ်ကြောင်း သတင်းရရှိသည်။

အမြန်လမ်းမကြီးတွင် ပြေး ဆွဲနေသည့် ခရီးသည်တင်ယာဉ် လိုင်းများ၌ အဆိုပါအဝေးထိန်း စနစ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက အခမဲ့ တပ်ဆင်ပေးမည်ဟု အကြောင်းကြားထားကြောင်း သိ ရသည်။ လက်ရှိတွင် ယင်းစနစ် တပ်ဆင်ခြင်းရှိ၊ မရှိနှင့် တပ်ဆင် သည့်ယာဉ်များ၌ သတ်မှတ်ထား သည့်ကုန်ပစ္စည်းများ တင်ဆောင် ခြင်းရှိ၊ မရှိ နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ပညာပေးကာလအဖြစ် စစ်ဆေးနေကြောင်း အမြန်လမ်း မကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့က သတင်းထုတ် ပြန်သည်။
‘‘ဝန်ကြီးဌာနကိုယ်စားတပ် ဆင်ပေးမယ့် B’smart Telema- tic Myanmar ကုမ္ပဏီကလည်း ပြီးခဲ့တဲ့ တစ်လကတည်းက ယာဉ် လိုင်းတွေနဲ့ညှိနှိုင်းနေပါတယ်။ ဒါ ပေမဲ့ တော်တော်များများကမတပ် ချင်ဘူး။ ဒါကြောင့် နောက်ဆုံးအ နေနဲ့ ဒီလိုထုတ်ပြန်တာပါ’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အ မြန်လမ်းဦးစီးမှူး ဦးသက်နိုင်အေး  က ပြောသည်။

သို့သော် ယာဉ်လိုင်းအချို့ ကမူ ယင်းစနစ်တပ်ဆင်ရန် ၎င်း တို့ကို အကြောင်းကြားထားခြင်းမ ရှိသေးဟု ဆိုသည်။
‘‘အကြောင်းလည်း မကြား သေးဘူး။ စာလည်းမလာသေး ဘူး။ မနေ့ကမှ ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရလို့သိတာ’’ဟု မြတ် မန္တလာထွန်းယာဉ်လိုင်းပိုင်ရှင် ဦး အေးဇင်က ပြောသည်။
ယင်းစနစ်တပ်ဆင်ရန်တိတိ  ကျကျညွှန်ကြားချက်ထုတ်ပြန်ခဲ့ ခြင်းမရှိဘဲ ဒီဇင်ဘာ ပထမပတ် မှစပြီး အရေးယူမည့်အကြောင်း ကို နိုဝင်ဘာလကုန်မှ ထုတ်ပြန် သည့်အတွက် ယာဉ်လိုင်းများ ဘက်မှ အဆင်မပြေကြောင်း ရန် ကုန်-မန္တလေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
JJ Express ယာဉ်လိုင်းမှ တာဝန်ရှိသူကမူ ယာဉ်လိုင်းသို့ telematic စနစ်တပ်ဆင်ရန် စာ ရောက်လာကြောင်း ပြောသည်။ ၎င်းတို့ယာဉ်လိုင်းအနေဖြင့် အဆို ပါစနစ်တပ်ဆင်မည်၊ မတင်ဆင် မည်မှာမူ မသိရသေးကြောင်း ပြောသည်။
လက်ရှိတွင် အဆိုပါစနစ် တပ်ဆင်ထားသည့် ခရီးသည်တင် ယာဉ် ၁၀ စီးကျော်သာရှိနေသေး ကြောင်း၊ စနစ်တပ်ဆင်ခြင်း ကြောင့် ယာဉ်များ၏အာမခံပျက် စီးခြင်းမရှိရန်လည်း Scania ကား ကုမ္ပဏီနှင့် တစ်ရက်၊ နှစ်ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းဦးသက်နိုင်အေးက ပြောသည်။
အဆိုပါစနစ်သည် ယာဉ်၏ မောင်းနှင်နှုန်း၊ မောင်းနှင်ချိန်၊ ခရီးအကွာအဝေး၊ အသွားအလာ မှတ်တမ်း၊ ရပ်နားချိန်နှင့် ယာဉ် ရပ်နားခွင့်ရှိသောနေရာ၊မရှိသော နေရာများကို ထိန်းချုပ်စင်တာမှ စောင့်ကြည့်နိုင်သည့် စနစ်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် သတ် မှတ်နှုန်းထက် ပိုမောင်းသည့် ယာဉ်များကို ချက်ချင်းဆက်သွယ် သတိပေးနိုင်ခြင်း၊ မတော်တဆမှု ဖြစ်ပါက ချက်ချင်းသိရှိနိုင်ခြင်းနှင့် သက်သေခံအချက်အလက်များ (Black Box Data) ရရှိနိုင်ခြင်း တို့ပြုလုပ်နိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ခရီးသည်တင်ယာဉ်များသာ မက ၁၀ဘီးကုန်တင်ယာဉ်များကိုလည်းသတ်မှတ်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိ၊ မရှိ အမြန်လမ်းမကြီးရဲ တပ်ဖွဲ့နှင့်အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment