Tuesday, December 1, 2015

ကမ္ဘာလှည့် ခရီးသွားများအတွက် MPT ဆင်းမ်ကတ်အသစ်များ ရောင်းချမည်


မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်များအတွက် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆင်းမ်ကတ်အသစ်များ ရောင်းချသွားမည် ဖြစ်ကြောင်း MPT ထံမှ သိရသည်။
အဆိုပါ ဆင်းမ်ကတ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ MPT အရောင်းဆိုင်တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး ကျပ်တစ်သောင်းဖြစ်ကာ ၁၀ ရက်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ဆက်လက်အသုံးပြုလိုပါက ကြိုတင်ဖုန်း ငွေဖြည့်ကတ်များ ထပ်မံဖြည့်စွက်ရမည် ဖြစ်ကြောင်း၊ ယင်းဆင်းမ်းကတ်တွင် ကြိုတင်ဖုန်းငွေ ငါးထောင်ကျပ်နှင့် 1.5 GB အင်တာနက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း MPT ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပို့ခြင်းတို့ကိုလည်း အသုံးပြုနိုင်မည့်အပြင် ပြည်တွင်းဖုန်းခေါ်ဆိုမှုနှင့် စာတိုပို့မှုတို့ကို ဆွေသဟာ ဈေးနှုန်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း MPT ထံမှ သိရသည်။


Credit To >>> Unofficial ကြေးမုံသတင်းစာ

0 comments:

Post a Comment