Monday, November 30, 2015

အစိုးရသစ်အတွက် အရေးကြီး စိန်ခေါ်မှုသည် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုတွင် စစ်တပ်၏လက်ဝါးကြီးအုပ်မှု ဖယ်ထုတ်ရန်ဖြစ်ဟု MATA ပြော


 ဒီမိုကရက်တစ်အစိုးရ သစ်အတွက် အရေးကြီးသည့်စိန် ခေါ်မှုသည် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၌ စစ်တပ်၏ လက်ဝါးကြီးအုပ်မှုကို ဖယ်ထုတ် ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့် လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့(MATA)က သ တင်းထုတ်ပြန်သည်။


MATA သည် နိုဝင်ဘာ ၂၉ ရက်တွင် ကျရောက်သော လက် ပံတောင်းတောင် အကြမ်းဖက်ဖြို ခွင်းမှု သုံးနှစ်ပြည့် နှစ်ပတ်လည် နေ့ သတင်းထုတ်ပြန်မှု၌ အထက် ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန်အစိုးရကို ဆက်ခံ မည့် ဒီမိုကရေစီအစိုးရသစ်သည် သာမန်ပြည်သူများ၏လူမှုဘဝဖူ လုံမှုနှင့် အကျိုးစီးပွားများထက် လူ့အခွင့်အရေးအကြမ်းဖက်မှုဖြစ် စေသည့် စီးပွားရေးအခွင့်အလမ်း နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင် နေသည့် စစ်တပ်၏လက်ဝါးကြီး အုပ် ကြီးစိုးမှုများကို ဖယ်ထုတ်ပစ် ရန် လိုအပ်ကြောင်း MATA က သတိပေးခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိအစိုးရနှင့် နောက် တက်လာမည့် အစိုးရများကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် လယ် ယာမြေ မတရား သိမ်းဆည်းမှု များ၊ စီးပွားရေးအကျပ်အတည်း ဖြစ်မှုများ၊ သဘာဝသယံဇာတ ယုတ်လျော့မှုများကို သတိရကြ ရန်နှင့် ပြည်သူများသည် တရားမျှ တမှုကို တောင့်တနေကြောင်း MATA ၏ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
လက်ပံတောင်းတောင် အ ကြမ်းဖက်မှုဖြစ်စဉ်သည် သီးခြား ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ တစ်နိုင်ငံ လုံးရှိ နိုင်ငံသားများ၏လယ်ယာ မြေပိုင်ဆိုင်ခွင့်၊ အခြေခံလွတ် လပ်ခွင့်များမှာစစ်တပ်ပိုင်ကုမ္ပဏီ များ၊ ခရိုနီလုပ်ငန်းစုများ၏အကျိုး စီးပွားများနှင့် အမြစ်တွယ် ဖြစ် တည်နေမှုကို  အဓိကအခန်းကဏ္ဍ မှ သာဓကတစ်ခုလည်း ဖြစ် ကြောင်း MATA ကသုံးသပ်သည်။
လက်ပံတောင်းတောင်အ ရေးအခင်းတွင် လူပေါင်း ၁၅၀ ကျော်သည် ဓာတုလက်နက်များ ဖြင့် အကြမ်းဖက်ခံခဲ့ရပြီး ၎င်းတို့ သည် လက်ရှိအချိန်ထိ တရားမျှ တမှုကို မျှော်လင့်နေကြောင်းနှင့် MATA ကဲ့သို့ အရပ်ဘက်အဖွဲ့အ စည်းများအနေဖြင့်လည်း ယင်း ဖြစ်စဉ်ကို ဆက်လက်စောင့်ကြည့် နေကြောင်း သတင်းထုတ်ပြန် သည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment