Monday, November 30, 2015

ခရီးသွားဧည့်သည်များ စိတ်ဝင်စားနေသော The Death Railway Museum လာမည့် ဧပြီလမတိုင်မီ ဖွင့်လှစ်မည်


မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့၌သေမင်းတမန် ရထားလမ်းပိုင်းပြတိုက်ကို တည် ဆောက်လျက်ရှိရာ ၂၀၁၆ ခုနှစ် ဧပြီလမတိုင်မီ ဖွင့်လှစ်နိုင်ရန်စီစဉ် ဆောင်ရွက်ထားပြီး ပြတိုက်ပြီး စီးပါက လေ့လာသူများအနေဖြင့် သမိုင်း ရာဇဝင်တွင်ခဲ့သော မီးရထား လမ်း နှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံ များ၊ စစ်သုံ့ပန်းတို့၏ပုံရိပ်များအား ပန်းချီ၊ပန်းပုပုံစံများအပြင် 3D ဒီဇိုင်း ပုံစံများဖြင့်ပါ ကြည့်ရှုခွင့် ရရှိမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ သေမင်းတမန်မီးရထား လမ်းပိုင်းပြတိုက်မှာ ရန်ကုန်-မြိတ်ကား လမ်းမကြီးနှင့် ရန်ကုန်-ရေးမီးရထား လမ်းဆုံရာ သံဖြူဇရပ်မြို့နယ် ဝဲကဝါ ကျေးရွာတွင်တည်ရှိပြီး မွန်ပြည်နယ် အစိုးရအဖွဲ့၏ခွင့်ပြု ချက်ဖြင့် မြေဧက ၄ ဧကကျော်အကျယ်၌ တလမွန် ဆောက်လုပ်ရေးကုမ္ပဏီမှ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဧပြီလကလုပ်ငန်းစတင်ခဲ့ ကြောင်း သိရသည်။ ထိုသို့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံခြားသားခရီး သွားဧည့်သည်များအနေဖြင့် သေမင်း တမန် မီးရထားလမ်းပိုင်း၌ ပထမ ဆုံး စတင်ပြေးဆွဲခဲ့သော ကျောက်မီး သွေးစွမ်းအင်သုံး C-0522 မီးရထား စက်ခေါင်းအမည်းကြီးသို့လည်း ကောင်း၊ မြန်မာ-ယိုးဒယား သေမင်း တမန် မီးရထားလမ်းပိုင်း စတင်ရာ အထိမ်းအမှတ်နေရာသို့လည်းကောင်း၊ ဆောက် လုပ်ဆဲ မီးရထားပြတိုက်သို့ လည်းကောင်း၊ မီးရထားပြတိုက်နှင့် သမိုင်းရာဇဝင် ဆက်စပ်နေသော သံဖြူဇရပ်မြို့ပေါ်ရှိ ဓနသဟာယ စစ်သချိင်္ုင်းသို့လည်းကောင်း နိုင်ငံ ခြားသားခရီးသွားဧည့်သည်များ အနေဖြင့် လှည့်လည်လေ့လာလျက် ရှိကြကြောင်း ပြတိုက်တည်ဆောက်ရေး စီမံကိန်းရုံးမှ သိရသည်။
ပြတိုက်တွင်ထားရှိမည့် မှတ် တမ်းရာဇဝင်ပစ္စည်းများ စုဆောင်း ရေးအဖွဲ့မှ ဝါရင့်ဆရာကြီးတစ်ဦးက ''ဂျပန်တွေဟာ ၁၉၄၂ ခုနှစ်မှာမြန် မာနိုင်ငံနဲ့ ယိုးဒယားနိုင်ငံကို ဆက် သွယ်နိုင်စေဖို့အတွက် ၁၇၅ မိုင်ဝေး တဲ့ မီးရထားလမ်းကိုဖောက်လုပ်ပြီး အာရှစစ်မျက်နှာ ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီမီးရထားလမ်းကြီး ဖောက်လုပ်ဖို့ အတွက် ဂျပန်တွေရဲ့စစ်ရှုံးနိုင်ငံများ၊ မဟာမိတ်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံ အသီးသီးက ချွေးတပ်အဖွဲ့ဝင်ဦးရေ ၁၂၀၀၀၀ ကျော်ဟာ မီးရထားလမ်း ဖောက်ရင်းနဲ့တစ်မျိုး၊ တောထဲမှာ ကျားဆွဲခံရရင်းနဲ့တစ်မျိုး၊ အစာရေစာ ငတ်ပြတ်ရင်းတစ်မျိုးနဲ့ ရောဂါဝေ ဒနာခံစားရခြင်း စတဲ့အကြောင်းအရာ မျိုးစုံအပြင် ဂျပန်တွေဝိုင်းနှိပ်စက်လို့ တစ်ဖုံ အမျိုးမျိုးခံစားပြီး သေဆုံးခဲ့ ကြရပါတယ်။ ဒါကြောင့် သေဆုံးခဲ့ ကြရတဲ့ နိုင်ငံခြားသား စစ်သုံ့ပန်း တချို့ကို ဓနသဟာယစစ်သချိုင်္င်း မှာ မြှုပ်နှံထားခဲ့ပါတယ်''ဟု ပြော သည်။
အဆိုပါ သေမင်းတမန်မီးရထား လမ်းပိုင်းပြတိုက်၌ အမှတ်တရလက် ဆောင် ပစ္စည်းအရောင်းဆိုင်များ၊ ရေကူးကန်များ၊ ဟိုတယ်များနှင့် အပန်းဖြေကစား ကွင်းများပါဝင်မည် ဖြစ်ရာ လေ့လာအပန်းဖြေနိုင်ရန်အတွက်ကိုလည်း စီစဉ်ထားကြောင်း စီမံကိန်းရုံးမှသိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment