Monday, November 30, 2015

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ တပ်ချုပ်တို့ ဒီဇင်ဘာနောက်ဆုံးပတ် တွေ့ဆုံဖွယ်ရှိ

ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတ၊ ကာကွယ်ရေးဦး စီးချုပ်တို့ တွေ့ဆုံမှုသည် ရွေး ကောက်ပွဲ လုပ်ငန်းစဉ်အရဆို လျှင် ဒီဇင်ဘာ ၂၃ ရက်နောက် ပိုင်း တွေ့ဆုံရမည်သာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် တွေ့ဆုံဆွေး နွေးရန် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုမှုကို သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးချိန် နှစ်ဖက်ညှိနှိုင်းတွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ရွေးကောက်ပွဲလုပ်ငန်းစဉ် သည် ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်း သမ္မတထံအစီရင်ခံ စာ တင်ပြီးပါက ပြီးဆုံးမည်ဟု ပြောကြားသည်။
‘‘ဒီဇင်ဘာ ၂၃ ပေါ့၊ နောက် ဆုံးအပတ်ဖြစ်တာပေါ့။ကျွန်တော်  တို့နိုင်ငံက အရမ်းနောက်ကျနေပါ ပြီ။ တွေ့ဆုံဆွေးနွေးမှုကနေ အ ဖြေရှာရမှာပါ’’ဟု ဦးတင်အေးက ပြောသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ် များပြီးဆုံးခြင်းဆိုသည်မှာ ကိုယ် စားလှယ်လောင်း ၁,၁၅၀ ကို ရွေး ကောက်တင်မြှောက်ခြင်းနှင့် ရွေး ကောက်ပွဲအပြီး ၄၅ ရက်အတွင်း သမ္မတထံ အစီရင်ခံစာတင်ခြင်း တို့ဖြစ်သည်ဟု ဦးတင်အေးက ပြောသည်။
‘‘ဒါ ကျွန်တော့်ကိုတော်တော် များများမေးပါတယ်။ ကျွန်တော့် သဘောအရ အဆင့်သုံးဆင့်ရှိပါ တယ်။ ကိုယ်စားလှယ်လောင်း ၁,၁၅၀ ကို ရွေးကောက်တင် မြှောက်ခြင်း ဒါကတော့ ပြီးသွား ပြီ။ ရလဒ်ထွက်သွားပြီ။ ဒါကိုမှ မ ပြီးသေးဘူးဆိုရင် နောက်ရွေး ကောက်ပွဲအပြီး ၄၅ ရက်အတွင်း သမ္မတကို ကျွန်တော့်သုံးသပ်တင် ပြချက်ရှိမယ်။ အဲဒါပြီးရင်တော့ ပြီးပါပြီ။ ဒါကိုမှမပြီးသေးဘူးဆို ရင် လွှတ်တော်မခေါ်ရုံပဲရှိမယ်။ မလုပ်သင့်ဘူး’’ဟု ဦးတင်အေးက ပြောသည်။
ကိုယ်စားလှယ်လောင်း ကန့် ကွက်လွှာစစ်ခြင်းသည် လွှတ် တော် ခေါ်နေချိန်တွင် စစ်၍ရ ကြောင်း ၎င်းက ပြောသည်။
‘‘လွှတ်တော်ခေါ်နေရင်းနဲ့ စစ်လို့ရတာပဲ။ အမှုစစ်ရင်းနဲ့ လွှတ်တော်ထဲက ပြန်သွားရတဲ့သူ တွေရှိတာပဲ’’ဟု ဦးတင်အေးက 7Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။
ကိုယ်စားလှယ်လောင်းကန့် ကွက်လွှာများသည် တရားမမှုများ ဖြင့် စစ်ဆေးရခြင်းကြောင့် ကန့် ကွက်လွှာများစစ်ဆေးပြီးသည်အ ထိ စောင့်ပါကအချိန်ကြာမြင့်မည် ဟု ၎င်းက ဆိုသည်။

Credit To >>> 7Day News 

0 comments:

Post a Comment