Friday, November 20, 2015

ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်မူကြမ်းနှင့် ရိုဟင်ဂျာဟုသောအသုံးအနှုန်း အပေါ်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ကန့်ကွက်ပြောကြား


မြန်မာနိုင်ငံ နှင့် ပတ်သက်သည့်ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် မူကြမ်းနှင့်ရိုဟင်ဂျာ ဟုဆိုသော အသုံးအနှုန်းအပေါ် ကန့်ကွက်ကြောင်း ကုလသမဂ္ဂ ၏မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်တင် က ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီတွင် ပြော ကြားလိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ၏လူ့အခွင့်အရေး တတိယကော်မတီ တွင် နိုဝင်ဘာ၁၈ ရက်ကမြန်မာ အစိုးရအနေဖြင့် နိုင်ငံ၏၁၉၈၂ နိုင်ငံ သားခံယူခွင့် ဥပဒေကို ပြင်ဆင်ပေး ရန်နှင့် မြန်မာနိုင်ငံတွင်မရှိသော လူမျိုးဟုအစိုးရက တရားဝင်အသိ အမှတ်ပြုထားသည့် ရိုဟင်ဂျာများ ကိုနိုင်ငံသား ခံယူခွင့်ပြုရန်ဆုံးဖြတ် ချက် မူကြမ်းချမှတ်ခဲ့သည့်အပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်သံအမတ် ကြီး ဦးကျော်တင်ကကန့်ကွက်ရှင်း လင်းခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာ ခံ၏ လူ့အခွင့်အရေးတတိယကော်မတီ ၌တင်သွင်းသော ဆုံးဖြတ်ချက်မူကြမ်း တွင် ၁၉၈၂ခုနှစ် နိုင်ငံသားခံယူခွင့် ဥပဒေကိုပြင် ဆင်ပေးရန်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဦးကျော်တင် က ''၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေသည်နိုင်ငံ၏ လူဦးရေတိုးပွား မှုနှင့် ပထဝီဝင်ဆိုင်ရာတည်နေရာ ကြောင့် မဖြစ်မနေလိုအပ်သည့် အတွက် ပေါ်ပေါက်လာခြင်းဖြစ်ပါ တယ်။ ခြုံငုံပြောရလျှင်ယင်းဥပဒေ များသည်ပြည်တွင်း တရားစီရင်ပိုင် ခွင့်အရသာချမှတ်ထားပြီး နိုင်ငံတ ကာတရားဥပဒေ သတ်မှတ်ချက် ကိုဆန့်ကျင်းခြင်းမရှိပါဘူး''ဟု ကု လသမဂ္ဂညီလာခံတွင် ကန့်ကွက်တုံ့ ပြန်ပြောဆိုခဲ့သည်။
ထို့အပြင်ကုလသမဂ္ဂ အနေဖြင့် ရိုဟင်ဂျာဟူသော စကားလုံးကိုသုံးစွဲ ခြင်းမပြုရန် ယခင်အချိန်များကပင် တရားဝင်က ကန့်ကွက်ထားသော် လည်းယခုအစီရင်ခံစာ၌ ရိုဟင်ဂျာ ဟူသောစကားလုံးကို အသုံးပြုဆဲ ဖြစ်သည့်အပေါ် ထပ်မံကန့်ကွက်ပါ ကြောင်းကုလသမဂ္ဂ၏မြန်မာနိုင်ငံ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်သံ အမတ်ကြီး ဦးကျော်တင်ကပြော ကြားခဲ့ကြောင်း သိရသည်။
ဦးကျော်တင်က''အဆိုပါအခေါ် အဝေါ်သည် မြန်မာနိုင်ငံ၏တိုင်း ရင်းသားလူမျိုးစုများတွင် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ၎င်းတို့၏လုပ်ငန်းစဉ် အတွက်တိုင်းရင်းသား လူမျိုးစုတွင် ပါဝင်သည်ဟု မှားယွင်းစွာဖော်ပြရန် ၁၉၅ဝခုနှစ် အစောပိုင်းကာလများ တွင်တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်း အလိမ်အညာ စကားလုံးကိုထည့်သွင်း အသုံးပြုခြင်းသည် ပြည်သူများအ ကြား မကျေမချမ်းဒေါသဖြစ်မှုကို ရန်ဆွပေးသည့် အတွက် ဤအကဲ ဆတ်သည့် ကိစ္စရပ်ကိုဖြေရှင်းရန် ကြီး မားသော အနှောင့်အယှက်ဖြစ် နေ ပါတယ်''ဟုထပ်လောင်းတုံ့ပြန် ပြောဆိုခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှ စတင်ကာဆူပူမှုဖြစ်ရပ် အသစ်များ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းမရှိ သည့်အပြင်နိုင်ငံသားဖြစ်ခွင့်စစ်ဆေး သည့်လုပ်ငန်းစဉ်၌ နိုင်ငံသားဖြစ် ခွင့်ကိုပေးအပ်ထားသော်လည်း နိုင်ငံ သားဖြစ်ခွင့်လုပ်ငန်းစဉ်တွင် ပါဝင် ရန်ပြင်ပမှ အနှောင့်အယှက်ပေးသူ များသာလျှင် လုပ်ငန်းစဉ်များကို ပိုမို နှောင့်နှေးစေလျှက်ရှိသည်ဟု ဦး ကျော်တင်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင်နိုင်ငံသားဖြစ်ခွင့် ဥပဒေအရလျှောက်ထားသူ ၉၀၀ ခန့်နှင့် ယင်းတို့၏မိသားစုဝင်များ မှာ နိုင်ငံသားဖြစ်ခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ်အ တွင်း ပြန်လည်ထူထောင်ရေးအစီ စဉ်အရ အိမ်ခြေနှစ်ထောင်ကျော် ကို ဆောက် လုပ်ပေးခဲ့ပြီးအိမ်ထောင် ပြုမှုနှင့်ကလေးမွေးဖွားသည့် တင်း ကျပ်သည့်အစီအစဉ်နှင့် မူဝါဒချမှတ် ထားခြင်းမရှိကြောင်း ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်တင် က ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂအထွေထွေ ညီလာ ခံ၏လူ့အခွင့်အရေးတတိယ ကော် မတီတွင်နိုဝင်ဘာ၁၈ ရက်က မြန်မာ အစိုးရအနေဖြင့် နိုင်ငံ၏၁၉၈၂နိုင် ငံသားခံယူခွင့် ဥပဒေကို ပြင်ဆင် ပေးရန်နှင့် မြန်မာနိုင်ငံတွင်မရှိသော လူမျိုးဟုအစိုးရက တရားဝင်အသိ အမှတ်ပြုထားသည့် ရိုဟင်ဂျာများ ကိုနိုင်ငံသား ခံယူခွင့်ပြုရန်ဆုံးဖြတ် ချက်မူကြမ်းနှင့် ပတ်သက်ပြီးရှေ့ လပိုင်းတွင်ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အတည် ပြုမပြုကိုမဲခွဲဆုံးဖြတ် မည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment