Friday, November 20, 2015

လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားနှင့် ဆွေးနွေးရန် မြောက်ကိုရီးယားပြင်ဆင်နေ


မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် လာမည့် နိုဝင်ဘာ ၂၆ တွင် ၄င်းတို့၏ စစ်ရေးနယ်နိမိတ် နယ်စပ်အနီးရှိ စစ်မဖြစ်ပွားရေး ကျေးရွာတွင် ဆွေးနွေးရန် အဆိုပြုခဲ့ကြောင်း မြောက်ကိုရီးယား၏ KCNA သတင်း ဌာနက ဖော်ပြသည်။ အကယ်၍ ဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ပါက ပြီးခဲ့သည့် သြဂုတ်လတွင်း နှစ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆက်ဆံရေးများ မြှင့်တင်ရန် သဘောတူရန် သဘောတူခဲ့ကြပြီးသည့် အချိန်မှစ၍ တင်းမာမှုများကို လျှော့ချရန် အာရုံစိုက်မည့် ပထမဆုံး အစိုးရအဆင့် အစည်းအဝေးလည်း ဖြစ်လာမည်။


တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန မှ ပြောရေးဆိုခွင့်ရသူက ချက်ချင်း မှတ်ချက်ပေးပြောဆိုနိုင်ခြင်း မရှိသေးဟုဆိုသည်။ သြဂုတ်လတွင် ပြုလုပ်ခဲ့သော သဘောတူညီချက်အရ ၁၉၅၀-၅၃ ကိုရီးယားစစ်အတွင်း ကွဲကွာသွားခဲ့ကြသော မိသားစုများကို ပြီးခဲ့သည့်လအတွင်း ပြန်လည်တွေ့ဆုံပွဲများ ပြုလုပ်ပေးခဲ့သည်။

Credit To >>> Democracy News

0 comments:

Post a Comment