Saturday, November 14, 2015

နေပြည်တော်အမျိုးသားပြတိုက်တွင် နိုင်ငံတော်သမ္မတ အမှတ်တရပြခန်းထားရှိမည်


အသစ်ဖွင့်လှစ်မည့် နေပြည်တော်အမျိုးသားပြတိုက်တွင် နိုင်ငံတော်သမ္မတအမှတ်တရ ပြခန်းထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတကြီး အမှတ်တရပြခန်းတွင် အမှတ်တရပစ္စည်း နှင့် ဘွဲ့တံဆိပ်အမျိုးမျိုး၊ စာအုပ် စာတမ်းများ၊ အဝတ်အစားများ၊ ဓာတ်ပုံများကို ခင်းကျင်းပြသရန် စီစဉ်နေကြောင်း အမျိုးသားပြ တိုက်နှင့် ရှေးဟောင်းသုတေသန ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးထွန်းထွန်းလွင်ကပြောသည်။
‘‘လက်ရှိမှာတော့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ရဲ့ပစ္စည်းနဲ့ အမှတ်တရတွေပဲ ပြသထားရှိ မယ်။ နောက်ကျမှ အရင်သမ္မတ ဟောင်းကြီးတွေရဲ့ပစ္စည်းတွေ စုဆောင်းရရင်ရသလို ပြသသွား မယ်’’ဟု ၎င်းကပြောသည်။
အမျိုးသားပြတိုက်(နေပြည် တော်)၏အဆောင်အေနှင့်ဘီကို ဇူလိုင် ၁၅ ရက်က ပထမအဆင့် ဖွင့်လှစ်ထားပြီး ကျန်ရှိနေသေး သည့် (ဒီ၊ စီ၊ အီး)အဆောင်တို့ကို တည်ဆောက်နေဆဲဖြစ်ကာ ယခု နှစ်အတွင်း ပြီးစီးနိုင်ရန်ဆောင် ရွက်နေသည်ဟု အမျိုးသားပြ တိုက်နှင့် ရှေးဟောင်းသုတေသန ဌာနမှသတင်းရရှိသည်။
လက်ရှိဖွင့်လှစ်ထားသည့် အဆောင်အေတွင် ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်းတို့အပြင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ အမှတ်တရလက်ဆောင်ပစ္စည်းများဟူ၍ အခန်းတစ်ခန်းပါရှိကာ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အား နိုင်ငံတကာမှပေးအပ်ထားသော လက်ဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားကြောင်း အဆိုပါဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် အာဆီယံအခန်း၊ ကလေးသူငယ်သမိုင်းပြခန်း စသည့်အမျိုးသားပြတိုက် (ရန်ကုန်)တွင်မပါဝင်သည့်အခန်းများ ပြသသွားမည်ဖြစ်ကြောင်း ဦးထွန်းထွန်းလွင်ကပြောသည်။
အမျိုးသားပြတိုက်(နေပြည် တော်)သည် တစ်ထပ်အဆောက်အအုံ၊ အဆောင်ငါးခန်းနှင့် ၃၇ဒသမ ၅ ဧကကျယ်ဝန်းကာ ရန်ကုန်အမျိုးသား ပြတိုက်ထက် ကြီးမားမည်ဖြစ်ပြီး ဝင်ကြေး ၅၀၀ သတ်မှတ်ထားသည်။


Credit To >>> ပြည်မြန်မာ News 

0 comments:

Post a Comment