Thursday, November 19, 2015

အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်း လွှတ်တော်သို့ တင်ပြီ

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကို ဥပဒေကြမ်းကော်မတီသို့ ပေးပို့လိုက်ပြီဖြစ်ပြီး မကြာခင်တွင် ထွက် ရှိ လာတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် တစ်ကြိမ် တစ်ခါမှမရှိခဲ့ဖူးသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကို လက်ရှိတွင် အချော သပ်ရေးဆွဲနိုင်ခဲ့ပြီး ပြည် သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ တင်ပြထားပြီဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီတွင် ဥပဒေထွက် ရှိ လာတော့ မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံအလုပ်သမားစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”ဒီဥပဒေက အရင်မြန်မာ နိုင်ငံမှာတစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါက အလုပ်သမားတွေအတွက် အရေးအကြီးဆုံး ဥပဒေလို့တောင် ပြော လို့ရ တယ်။ ဒါကိုလည်း အခု လွှတ်တော်ကို တင်လိုက်ပြီ။ ဒီဥပဒေရဲ့ ထူးခြားချက်က အစိုးရက ဦးတည်ချက်ကိုပဲ ချပေးလိုက်တာ။ တကယ် လိုက်လုပ်ရမှာက အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေပဲ လိုက်လုပ်ရမှာ။ ဥပဒေအရ စက်ရုံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်း ရှင်းရေး နှင့် ကျန်းမာရေး ကော်မတီဆိုတာကို ဖွဲ့ရမယ်။ စက်ရုံတိုင်းဖွဲ့ရမလား၊ ဘယ်လိုဖွဲ့ရမလဲ၊ လုပ်ငန်း အမျိုးအစားကိုလိုက်ပြီး ဖွဲ့ရမလားဆို တာ ကို နည်းဥပဒေမှာ ပြန်ရှင်းပေးမှာပါ”ဟု ၎င်းကပြောသည်။
ယင်းဥပဒေကို အတည်ပြုနိုင်ပါက အလုပ်သမားထုအတွက် ဘေးကင်းလုံခြုံမှုများ ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်တော့ မည်ဖြ စ်ကြောင်း၊ ဥပဒေကို လက် ရှိ လွှတ်တော်သက်တမ်းတွင် အ တည် ပြုပေးလိုက်နိုင်ခြင်းမရှိပါက နောင် လွှတ်တော်သက် တမ်းတွင် သာ ဆက်လက်အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်ကပြောသည်။

Credit To >>> Popular News Journal

0 comments:

Post a Comment