
ကျိုက်ထီးရိုးသို့ လာရောက်သည့်ဧည့်သည်
တစ်နှစ်ထက်တစ်နှစ်ပိုတိုးလာသည့်အတွက် ကျိုက်ထို-ကျိုက်ထီးရိုးသွား
ကားလမ်းဘေးတွင် ဟိုတယ်ဇုန်လုပ်ရန်စီစဉ် နေကြောင်း မွန်ပြည်နယ်ဟိုတယ်
ခရီးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး ကပြောသည်။ ”အဲဒီဘက်က လယ်မြေပြဿ
နာမရှိဘူး။ အဓိကကတော့ ကျိုက် ထီးရိုးသွားတဲ့သူတွေတည်းဖို့ပါ” ဟု ၎င်းကပြောသည်။
အဆိုပါ ဟိုတယ်ဇုန်ကို မွန်
ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီများက
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်တွင်
ပြည်ပဧည့် ၁၁၅ဝ၆ဝ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၁၇၂၃၄၄ ဦး ၊ ၂ဝ၁၅ ခုနှစ်
ဇန်နဝါရီမှ အောက် တို ဘာလအထိ ၁၁၆၃၁၄ ဦးလာ ရောက်ခဲ့ကြောင်း ဟိုတယ်/ခရီး
ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
”မွန်ပြည်နယ်က ကျိုက်ထီးရိုးအပြင်
လှတဲ့ဒေသတွေလည်း ရှိတယ်။ ပြည်တွင်းခရီးသွားတွေတအားသွားနေ တဲ့နေရာတွေပေါ့။
ပြည်ပ ခရီး သွားလုပ်နေတဲ့ ကုမ္ပဏီ တွေကလည်း ဒီခရီးစဉ်တွေကို တိုးတက်အောင်
ဖော်ဆောင်နေပါတယ်”ဟု ဟိုတယ်/ခရီး ပြန်ကြားရေး ဌာနမှ ညွန်ကြားရေးမှူး
ဦးမြင့်ထွေးက ပြောသည်။ လက်ရှိတွင် ခရီးသွားများပြားလာခြင်းကြောင့်
မွန်ပြည်နယ်အခြေစိုက်ဟို တယ်များ သို့ လည်း ဧည့်အဝင်များပြားလာကြောင်း၊
ပွင့်လင်းရာသီဖြစ်၍ ဧည့်သည်ပိုများ လာရန် မျှော်လင့်ထားကြောင်း
အတ္ထရံဟိုတယ်မန်နေဂျာ ဦး တင်စိုး က ပြောသည်။
”ဟိုတယ်လုပ်ငန်းတွေရော
လမ်းပန်းဆက်သွယ်ရေးရော ပိုပြီးအဆင့်မြင့်အောင် လုပ်နေတယ်။ မွန်ပြည်နယ်ကတော့
ကမ်းခြေနဲ့ ဘုရား ပဲ အဓိကကျတယ်။ အခု စက်စဲမှာဆိုရင် တည်းဖို့ခိုဖို့ဟိုတယ်
တွေတောင် လုပ်ထားပါတယ်။အားလုံးကတော့ အဆင်သင့်ရှိနေ တယ်။ ဧည့်သည်တွေရဲ့
စိတ်ဝင်စားမှုအပေါ် မူတည်ပါတယ်”ဟု ဦးတင်စိုးက ပြောသည်။ ဟိုတယ်ဇုန်အပြင်
ရေးမြို့နယ် ကဗျာဝ ကမ်းခြေအား ခရီးသွားဒေသတစ်ခုအဖြစ် ဖော်ဆောင်ရန်လည်း
လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ မွန်ပြည်နယ်၌
ကျိုက် ထီးရိုးအပြင် မော်လမြိုင် တောင်ရိုးတန်းပေါ်မှ
သံလွင်မြစ်ဝရှုခင်းများ၊
ပေါင်မြို့ နယ်မှ
ဇင်းကျိုက်ဆံတော်ရှင်စေတီ၊ ရေတံခွန်နှင့် နွားလပို့တောင်၊
ဘီးလင်းမြို့နယ်ရှိ မဲလံတောင်၊ သုဝဏ္ဏဘူမိမြို့ဟောင်းစ သည်တို့သို့သွား
ရောက်နိုင်ပြီး ရေးမြို့နယ်ရှိ ကဗျာဝကမ်းခြေသို့လည်း သွားရောက်
နိုင်ကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ်တွင် မွန်ပြည် နယ်၌ ဟိုတယ်/တည်းခိုရိပ်သာ
၂၁ လုံးနှင့်အခန်းပေါင်း ၆၅၂ ခန်းရှိခဲ့ပြီး ယခုနှစ်အောက်တိုဘာလအထိ
ဟိုတယ်/တည်းခို ရိပ် သာ အ လုံး ၄ဝ နှင့်အခန်းပေါင်း ၁၄၁၃ ခန်း
ထိရှိလာကြောင်း သိရသည်။
Credit To >>> Popular News Journal
0 comments:
Post a Comment