Wednesday, November 25, 2015

မြောက်ဦးမြို့ ကိုးသောင်းပုထိုးအား ကျောက်အမိုးပြားမိုးနေသည်ကို မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တားမြစ်


ရပ်တန့်ပေး ရန် မြောက်ဦးရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တားမြစ်ထားကြောင်း ယင်း အဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။ ကိုးသောင်းပုထိုး၏ လိုဏ်ပတ် လမ်းရှိဂူနံရံများတွင် သံတိုင်များ၊ သံ ဖရိန်များ၊ သံဆန်ခါများခင်းပြီး ယင်း အပေါ်မှတစ်ဆင့် ကွန်ကရစ်လောင်း၊ ကျောက်ပြား များကပ်ကာ အမိုးမိုးနေ ခြင်းဖြစ်သည်။
ယင်းသို့လုပ်ဆောင်နေခြင်းမှာ ရှေးဟောင်းလက်ရာများကို ကာကွယ် သည့်စည်းမျဉ်းစည်းကမ်းနှင့် မကိုက် ညီသလို ရှေးဟောင်းသမိုင်းတန်ဖိုး ရှုထောင့်ကကြည့်လျှင်လည်း ကိုး သောင်းပုထိုး၏ ရှေးဟောင်းတန်ဖိုး ကို အများကြီးထိခိုက်နေကြောင်း မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုသည်။

''ဒါဟာ အဲဒီခေတ်ကလက်ရာ ကို ပြန်ဖော်တာလို့ လုံးဝပြောလို့မရ ဘူး။ ပြီးတော့ အဲဒီခေတ်တုန်းက ကျောက်ကို အပြားလိုက်မိုးတဲ့ ဗိသု ကာလက်ရာမျိုးမရှိသေးဘူး။ ဆိုတော့ အဲဒီခေတ်ကလက်ရာ ဘယ်လိုရှိခဲ့ တယ်ဆိုတာကို ကိုယ်တို့က တိတိကျ ကျမဖော်ထုတ်နိုင်ရင် အခုလက်ရှိပျက် ရင် ပျက်တဲ့အတိုင်းပဲထား။ အခုဖြစ် နေတာက အပေါ်က ၂၀ ရာစု ဗိသု ကာလက်ရာ၊ အောက်ကဟာ ၁၆ ရာ စု ဗိသုကာလက်ရာ၊ နှစ်ပေါင်း ၄၀၀ ကျော်လောက်ကွာနေတဲ့ ဗိသုကာ လက်ရာနှစ်ခုကိုရောစပ်ပြီး လုပ်လိုက် တဲ့အတွက် ကိုးသောင်းရဲ့ယဉ်ကျေး မှုသမိုင်းတန်ဖိုးကို အများကြီးထိခိုက် ပျက်စီးသွားစေတယ်'' ဟု အဆိုပါ အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က ဆိုသည်။
ယင်းသို့ဆောင်ရွက်နေခြင်းကို ရပ်တန့်ပေးရန် မြောက်ဦးရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့က အောက်တိုဘာလထဲတွင် ရှေးဟောင်းသုတေသန ညွှန်ကြားရေး မှူးနှင့် ယဉ်ကျေးမှုဝန်ကြီးအပါအ ဝင် ပြည်နယ်အစိုးရဆီ စာရေးတောင်းဆိုထားကြောင်းလည်း ဦးသန်းမြင့်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနဌာန က လက်ထောက်ညွှန်ကြားရေးမှူး ကို ဆက်သွယ်မေးမြန်းရာ သူက ယ ခုကိစ္စမှာ ပြည်နယ်ရှေးဟောင်းသုတေသနဌာနက တိုက်ရိုက်ဆောင် ရွက်နေ ခြင်းဖြစ်၍ သူတို့ဌာနစိတ်အနေဖြင့် တစ်စုံတစ်ရာ မပြောနိုင်ကြောင်း ပြန် လည်ဖြေကြားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည် နယ်ရှေး/သုသဘောထားကိုရယူနိုင် ရန် ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်မရခဲ့ပါ။ လက်ရှိမှာ အဆိုပါအ မိုးကို တစ်ခြမ်းတည်းသာမိုးထားသည်ကိုတွေ့ရပြီး စီမံကိန်းရပ်တန့်နေသည် ကိုတွေ့ရသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြီး ခဲ့သည့်နှစ်လခန့်မှစတင်ကာ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာန က ဒေသခံများကိုအသိမပေးဘဲ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
ကိုးသောင်းပုထိုးတော်ကြီးကို အေဒီ ၁၅၅၃ ခုနှစ်တွင် ရခိုင်ဘုရင် မင်းတိက္ခာက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Credit To >>>  Myanmar Breaking News 

0 comments:

Post a Comment