Wednesday, November 25, 2015

ဂျပန်က ပထမဆုံးဂြိုဟ်တုလွှင့်တင်ရေးလုပ်ငန်းအဖြစ် ကနေဒါနိုင်ငံမှ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ပေး


ဂျပန်နိုင်ငံဟာ ကနေဒါနိုင်ငံမှ ဂြိုဟ်တုကို လွှင့်တင်ပေးခဲ့ပါတယ်။
အမျိုးသားအာကာသအစီအစဉ်အရ လွှတ်တင်လိုက်တာဖြစ်ပြီး၊ ဥရောပ
နဲ့ ရုရှားက လွှမ်းမိုးထားတဲ့ ဈေးကွက်ထဲကို ဝင်ရောက်ရန်ကြိုးပမ်းခြင်း
လည်းဖြစ်ပါတယ်။

Mistsubishi အကြီးစားစက်မှုလုပ်ငန်းနဲ့ ဂျပန်အာကာသလေ့လာရေး
အေဂျင်စီက ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ အာကာသစင်တာမှာ
လွှတ်တင်လိုက်တဲ့ ဒီဂြိုဟ်တုကို ကြီးကြပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက H-IIA ဒုံးပျံ ဟာ မူလက ၃နာရီ ၂၃ မိနစ်မှာ လွှတ်တင်ဖို့စီစဉ်ထားပေမယ့် ၊အာကာသစခန်းနားကို လှေငယ်တစ်စင်းရောက်လာတာ
ကြောင့် မူလရည်ရွယ်ထားတာထက် မိနစ် ၃၀ နောက်ကျပြီးမှ လွှတ်တင်
ခဲ့ပါတယ်။
H-IIA ဒုံးပျံ ကို မွန်းလွဲ ၃နာရီ ၅၀မိနစ်က အောင်မြင့်စွာ လွှတ်တင်နိုင်ခဲ့
တာ ဖြစ်ပြီး၊ TELESTAR ဆက်သွယ်ရေးနဲ့ အသံလွှင့်ဂြိုလ်တုတို့ကိုလည်း
သယ်ဆောင်သွားပါတယ်။ထွက်ခွာပြီးနောက် ၄ နာရီခွဲကြာတဲ့အခါမှာ
ဆက်သွယ်ရေးနဲ့ အသံလွှင့်ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းထဲကိုလွှတ်တင်
မှာဖြစ်ပြီး တော့ TELESTAR ဆက်သွယ်ရေးနဲ့ အသံလွှင်ဂြိုဟ်တုဟာ
ကနေဒါနိုင်ငံ ဂြိုဟ်တုလုပ်ငန်း Telesat အတွက်ဖြစ်ပါတယ်။
ဂြိုဟ်တုလွှတ်တင်တဲ့ စီးပွားရေးမှာ ဂျပန်က အဓိကဇာတ်ကောင်ဖြစ်ချင်
နေ၏ပါတယ်။ ဒီအတွက်လည်းယှဉ် ပြိုင်စွမ်းရှိပြီး၊ ကုန်ကျစရိတ်သက်သာ
တဲ့ ဒုံးပျံတွေစေလွှတ်ရေးကို ကြိုးပမ်းနေပါတယ်။

Credit To >>> SFJ News 

0 comments:

Post a Comment