Wednesday, November 25, 2015

နိုင်ငံခြားချေးငွေ ကန်ဒေါ်လာသန်းပေါင်းတစ်သောင်းကျော် ရှိနေခြင်းသည် တိုင်းပြည်အတွက် စိတ်မအေးဖွယ်ဖြစ်ဟုဆို


 နိုင်ငံခြား ချေးငွေ ကန်ဒေါ်လာသန်းပေါင်း တစ်သောင်းကျော်ရှိနေသည့်အတွက် တိုင်းပြည်အတွက် စိတ်မအေး ဖွယ်ဖြစ် နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် က ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပေးပို့ သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်ဒုတိယခြောက်လပတ် အမျိုးသား စီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာ အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ် တွေ့ရှိချက်ပါ နိုင်ငံတော်၏ ပြည်ပ ချေးငွေအနေအထားနှင့် ပတ်သက် ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်က ယင်းကဲ့ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို GDP ကိန်း ဂဏန်းတွေအရတော့ အားရကျေနပ်ဖွယ်ဖြစ်ပါတယ်။ ၈ ဒသမ ၅ ရာခိုင် နှုန်းအထိကို GDP တိုးတက်နှုန်း ရှိပါတယ်။ လက်တွေ့မြန်မာ့ စီးပွား ရေးအခြေအနေကို သုံးသပ်ကြည့်တဲ့အခါမှာတော့ တိုင်းပြည်ဘက်ဂျက် ကလိုငွေပြ၊ ကုန်သွယ်မှုကလိုငွေပြ၊ ငွေကြေးဖောင်းပွမှုကမြင့်တက်၊ အ မေရိကန်ဒေါ်လာဈေးက တစ်ဟုန်ထိုး တက်ဖြစ်ရပ်ဟာအားရကျေနပ်ဖွယ် မဖြစ်တာကိုတွေ့မြင်နေရပါတယ်။ ငွေ လဲနှုန်းအနေနဲ့ ၂၀၁၄ နှစ်ကုန်ပိုင်း မှာ တစ်ဒေါ်လာကို ၁၀၀၀ ဝန်းကျင် ကနေ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆိုရင် ၁၃၀၀ ဝန်းကျင်ကိုရောက် ရှိနေတာမို့လို့ မြန်မာနိုင်ငံကနေ နိုင် ငံခြားချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်သောင်းကျော်ရှိနေ တာဟာ စိတ်မအေးဖွယ်တိုင်းပြည် အနာဂတ်ဖြစ်နေပါတယ်''ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်မွှေးလွင်ကပြောသည်။
ထိုကဲ့သို့ချေးငွေများပြားနေ သော်လည်း နိုင်ငံခြားချေးငွေဖြင့် ဆောင် ရွက်နေသည့် လုပ်ငန်းစီမံကိန်းများအား ရည်မှန်းချက်နှင့်အညီ အ ကောင်အထည်ဖော်နိုင်ခြင်းရှိ၊ မရှိနှင့် ဆောင်ရွက်သည့်လုပ်ငန်း များ အောင် မြင်သည့် ထင်သာမြင်သာမရှိခြင်း အပေါ်ကိုလည်း ဒေါ်ခင်မွှေး လွင်က မေးခွန်းထုတ်ခဲ့သည်။
''ဥပမာ-Excel Bank of China ကနေ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင် နှုန်းနဲ့ အမေရိကန်ဒေါ်လာသန်းလေး ရာကို သမဝါယမဝန်ကြီးကနေချေး ပြီးတော့ အသင်းသားတွေကိုထပ်မံ ငွေချေးခြင်း၊ ကိုရီးယားနိုင်ငံကနေ အတိုးနဲ့ ငွေချေးပြီးတော့ လယ်ယာသုံး စက်ပစ္စည်းတွေကို အရစ်ကျငွေ ချေစနစ်နဲ့ပြန်လည်ရောင်းချပေး နေတဲ့ကိစ္စတို့ဟာ ဆင်းရဲမှုလျော့ ချရေးရဲ့စီမံကိန်းဖြစ်ပါတယ်။ လက် တွေ့မှာကျတော့ ရည်ရွယ်ချက်အ ထမြောက်ပါသလားဆိုတာ သိသင့်ပါတယ်''ဟု ဒေါ်ခင်မွှေးလွင်က ထပ် လောင်းပြောကြားသည်။
ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက အမျိုး သားစီမံကိန်းဆောင်ရွက်မှုအစီရင် ခံစာပါငွေရေးကြေးရေးကဏ္ဍတည်ငြိမ် မှုမရှိသည်ကို ထောက်ပြဝေဖန်ခဲ့ သည်။
ဒေါ်စန္ဒာမင်းက ''ငွေရေးကြေး ရေးကဏ္ဍမှာဆိုရင် နိုင်ငံခြားငွေလဲ လှယ်နှုန်းဟာ ဒုတိယခြောက်လပတ် မှာ ပျမ်းမျှတစ်ဒေါ်လာကို ၁၀၂၃ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဟာ သွင်းကုန်အ တွက် ဒေါ်လာဝယ်လိုအားမြင့်တက် လာခြင်းနဲ့ နိုင်ငံတကာမှာအမေရိကန် ဒေါ်လာတန်ဖိုး ပိုမိုခိုင်မာ လာခြင်း ကြောင့်လို့ အကြောင်းပြထားတာဟာ လွဲမှားနေတယ်လို့ ထင်ပါတယ်။ မြန် မာကျပ်ငွေတန်ဖိုးတွေကျဆင်းလာ ရခြင်းဟာ ဗဟိုဘဏ်ရဲ့စွမ်းဆောင် ရည်လျော့နည်းလာခြင်း၊ အရည် အချင်းပြည့်ဝတဲ့ ကျွမ်းကျင်ပညာ ရှင်တွေမရှိခြင်း၊ ကိုယ်ပိုင်လွတ်လပ် ခွင့်ကို မသုံးနိုင်ခြင်း၊ပို့ကုန်ထက်သွင်း ကုန်ပမာဏပိုမိုများပြားနေခြင်းတို့ ဟာလက်ရှိဖြစ်ပေါ်နေတဲ့အကြောင်း ရင်းလို့ထင်ပါတယ်''ဟုထောက်ပြခဲ့ သည်။
ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် ဒုတိယခြောက်လပတ် အစီရင် ခံစာတွင် ယခင်ဘဏ္ဍာနှစ်ထက် ယှဉ်ပါကအခွန်ကောက်ခံရငွေ ကျပ် ဘီလီယံ ၈၇၀ လျော့နည်းနေမှုအပေါ် ကိုယ်စားလှယ်များက မေးခွန်းထုတ် ခဲ့သည်။
''ဘီလီယံ ၈၇၀ နည်းတယ်ဆို တာကစဉ်းစားလို့ရပါတယ်။ ဘယ် လောက်ထိ စီးပွားရေးပြုတ်ကျနေပြီ လဲဆိုတာ။ အခွန် ၈၇၀ ဘီလီယံ ဆို တာနည်းတဲ့ ပမာဏမဟုတ်ဘူး။အဲ ဒီအပေါ်မှာ နိုင်ငံတော်က ဘာလုပ် ပေးမှာလဲ''ဟု လွှတ်တော်ကိုယ်စား လှယ် ဦးခင်ရွှေက မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ ၂၀၁၄-၂၀၁၅ဘဏ္ဍာ ရေးနှစ်ဒုတိယခြောက်လပတ်အမျိုးသား စီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာ အပေါ်စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏စိစစ်တွေ့ရှိချက်အစီရင်ခံစာနှင့်ပတ် သက်ပြီး လွှတ်တော်တွင်ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ် တော်နာယက သူရဦးရွှေမန်းကကြေ ညာခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment