Wednesday, November 25, 2015

မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူလက်တွဲလုပ်ကြရန် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များအားလုံးအတူတကွလက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက သမ္မတဦးသိန်းစိန်အား နိုဝင်ဘာ ၂၄ရက်တွင်တိုက်တွန်းခဲ့သည်။
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဒန်နီရယ်ရပ်ဆဲလ်သည် နိုဝင်ဘာ၂၄ရက်က နေပြည်တော်တွင် သမ္မတဦးသိန်း စိန်နှင့် အစိုးရထိပ်ပိုင်း တာဝန် ရှိသူများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းသည် ယင်းနေ့ တစ်ရက် တည်းအတွင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံ ခဲ့သည်။မြန်မာ့ပြုပြင်ပြောင်းလဲရေး တွင် အမေရိကန်ပြည်ထောင်စု ပြည်သူများနှင့် အစိုးရက မိတ် ဖက်အဖြစ် ရပ်တည်ပြီး ဆက် လက်အားပေးကူညီသွားမည်ဟု မစ္စတာရပ်ဆဲလ်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုး သားရင်ကြားစေ့ရေးအပါအ၀င် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်အရေး စသည့် စိန် ခေါ်မှုများကို ဆက်လက်ကိုင် တွယ်သွားရဦးမည်ဖြစ်ကြောင်း ကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက ထောက်ပြသည်။
၎င်းသည် နိုဝင်ဘာ ၂၃ ရက် က ရန်ကုန်မြို့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံခဲ့သေးသည်။လက် ရှိဖြစ်ပွားနေသော စိန်ခေါ်မှုများ သည် အသစ်တက်လာမည့် အစိုး ရချည်းသာ ရင်ဆိုင်ရန်မဖြစ်နိုင် သည့်အတွက် ၈၈ မျိုးဆက်နှင့် အခြားအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍများမှ နေ၍ ဆက်လက်ပူးပေါင်းပါဝင်သွားကြရန်တိုက်တွန်းခဲ့သည်။
‘‘အဓိကကတော့ အိုဘား မား ကိုယ်စားလာပြီး သတင်း စကားပါးတာပါပဲ။ သမ္မတကြီးနဲ့ ရွေးကောက်ပွဲအကြောင်း၊ တာ ၀န်လွှဲရေးကိစ္စ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံရေးကိစ္စတွေ ဆွေးနွေးပါတယ်’’ ဟု တွေ့ဆုံမှု နှင့်ပတ်သက်၍ သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။
မစ္စတာဒန်နီရယ်ရပ်ဆဲလ် ဦးဆောင်သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုသည် အာရှ ပစိဖိတ် ဒေသရှိ နိုင်ငံများနှင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ၊ အမေရိကန် ဆက်ဆံရေးတို့ကို ကိုင်တွယ်နေသည့် ဌာနကြီးဖြစ် သည်။ မစ္စတာရပ်ဆဲလ်သည် မ ကြာသေးမီက ၀ါရှင်တန်တွင်ပြု လုပ်ခဲ့သည့် ကွန်ကရက် လွှတ် တော်ကြားနာပွဲ၌ မြန်မာ့ ရွေး ကောက်ပွဲရလဒ်သည် မြန်မာပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်း အ၀ိုင်းက မျှော်လင့်ထားသကဲ့သို့ မဖြစ်လျှင် အမေရိကန်-မြန်မာ ဆက်ဆံရေး အပြုသဘောလမ်း ကြောင်းဖြင့် ဆက်လက်ဆက်ဆံ ရန် ပိုခက်ခဲစေမည်ဟု ပြောကြား ခဲ့သည်။
အမေရိကန်နှင့် ဆက်ဆံ ရေး တိုးမြှင့်ရာတွင်သော်လည်း ကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံ တကာ အခန်းကဏ္ဍ တိုးမြှင့်ရာ တွင်သော်လည်းကောင်း မြန်မာ  နိုင်ငံ၏ ဒီမိုကရက်တစ်အကူးအ ပြောင်းတွင် လူ့အခွင့်အရေးဆိုင် ရာ ပြဿနာများ အခြေအနေတိုး တက်ပြောင်းလဲရေးသည် အရေး ပါကြောင်း အမေရိကန် ပြည် ထောင်စုအနေဖြင့် ရှင်းရှင်းလင်း လင်းပြောကြားထားပြီးဖြစ်သည် ဟု ကန်အောက်လွှတ်တော်၌ ကြားနာခဲ့ကြသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment