Wednesday, November 25, 2015

ကျောက်ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူကို ယခုအစိုးရလက်ထက် အပြီးရွေးချယ်မည်

ရခိုင်ပြည်နယ် ကျောက် ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူ (Developer)အဖြစ်လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီစာရင်းကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ ကပြောသည်။

‘‘နောက်ဆုံးအဆင့်တော့ ရောက်နေပြီ။အတိအကျတော့ ပြောလို့မရသေးဘူး။ ဒီအစိုးရ သက်တမ်းအတွင်းမှာတော့ ရွေးချယ်သွားမှာပါ။ သူ့ဟာနဲ့သူ အကောင်းဆုံးဖြစ်အောင်လုပ်နေ ပါတယ်’’ဟု စိစစ်ရွေးချယ်ရေး အဖွဲ့ အတွင်းရေးမှူးဦးအောင် ကျော်သန်းကပြောသည်။
၂၀၁၄ ဇူလိုင်အတွင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် တွင် ရင်းနှီးတည်ထောင်သူ အဖြစ်လုပ်ကိုင်လိုသူများ၏ ကုမ္ပဏီ စာ ရင်းကို ယခုအစိုးရလက်ထက်၌ အပြီးသတ်ရွေးချယ်ထုတ်ပြန်မည်ဟု စိစစ်ရွေး ချယ်ရေးအဖွဲ့ကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၅ မတ်လတွင် စတင်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သော်လည်းရင်းနှီးတည်ထောင်သူ ရွေးချယ်ရန် စိစစ်ရွေးချယ်ရာ၌ ကြန့်ကြာနေသဖြင့် အစိုးရပြောဆိုထား သည့်အချိန်အတိုင်း မစတင်ဖြစ် ခဲ့ပေ။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်တင်ဒါစိစစ်ရွေးချယ်ရေးကော် မတီက ၂၀၁၄ နှစ်ကုန်တွင် ထုတ်ပြန်မည်ဟု ရည်ရွယ်ထားသော် လည်း ထိုနှစ်ပြန်လည်ကျင်းပဖြစ် သည့် ဗိုလ်ရှုသဘင်အခမ်းအနား နှင့်တိုက်ဆိုင်နေသောကြောင့် ၂၀၁၅ ဇန်နဝါရီသို့ ရွှေ့ဆိုင်းမည်ဟုဆိုသည်။
၂၀၁၅ ဇန်နဝါရီတွင်လည်း ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပေ။ မည်သည့် အကြောင်းကြောင့် ရွေးချယ်ရမည့်ကုမ္ပဏီများစာရင်း ထုတ်ပြန်ရန်ကြန့်ကြာနေသည် ကို မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
အဆိုပါစီမံကိန်းအကောင် အထည်ဖော်လိုသည့် ရင်းနှီးတည် ဆောက်သူများကို အစိုးရက ၂၀၁၄ တွင်ဖိတ်ခေါ်ခဲ့သည်။ အစိုးရက ကျောက်ဖြူအထူးစီး ပွားရေးဇုန်တွင် ကဏ္ဍကြီးသုံးခုခွဲ ၍ တစ်ပြိုင်တည်းရင်းနှီးတည် ဆောက်သူကို ရွေးချယ်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း နောက် ဆုံးရရှိသည့်သတင်းအရ အိမ်ရာ စီမံကိန်းမှလွဲ၍ ကျန်စီမံကိန်း နှစ်ခုဖြစ်သော ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းကို သာ ပထမဆုံးအကောင်အထည် ဖော်မည်ဟုသတင်းရရှိသည်။ အိမ်ရာစီမံကိန်း အကောင်အ ထည်ဖော်မည့်အစီအစဉ်ကို ပယ်ဖျက်လိုက်သဖြင့် ရင်းနှီးတည်ဆောက်ခွင့်ရရှိသူသည် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းအတွက်သာ ရွေးချယ်မည် ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်းအတွက် ရင်းနှီးတည် ထောင်သူအဖြစ် လျှောက်ထား သည့် ကုမ္ပဏီအုပ်စုနှစ်ခုရှိသည် ဟု ထုတ်ပြန်သော်လည်း မည် သည့်နိုင်ငံမှ ကုမ္ပဏီများပါဝင်နေ သည်ကို စိစစ်ရွေးချယ်ရေးအဖွဲ့ က တရားဝင်ထုတ်ပြန်ခြင်းမရှိ ပေ။
တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့တွင်ပါဝင်ပြီး အမည်မဖော်လိုသူတစ်ဦးက ရင်းနှီးတည်ဆောက်သူ ကုမ္ပဏီများ စာရင်းကို ရွေးချယ်ရာတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မကြာမီလပိုင်းအတွင်း တရားဝင်ထုတ်ပြန်ရန် လျာထားကြောင်း ပြောကြားခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးမည့် အချက်အချာ ကျသည့်စီးပွားရေးရပ်ဝန်းတစ်ခု ဖြစ်သောကြောင့် အကောင် အထည်ဖော်လာပါက တိုင်းပြည် ၏ ဝင်ငွေ ၈၀ ရာခိုင်နှုန်း ရှာဖွေပေးနိုင်သည်ဟု မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသော CPG အကြံပေးကုမ္ပဏီကခန့်မှန်းထားသည်။
ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို မြေဧကတစ် ထောင်ဖြင့် စတင်မည်ဟုထုတ် ပြန်ထားသော်လည်း တိုင်းတာမှု များပြုလုပ်ရာတွင် နယ်မြေအနေအထားကြောင့် ယခုနှစ်ဆန်းပိုင်းရန်ကုန်မြို့၌ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင်မြေဧက လေးထောင်သို့ တိုးချဲ့ထားသည်။

Credit To >>> 7Day News 

0 comments:

Post a Comment