Wednesday, November 25, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

Min Aung Hlaing
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေးမရှိစရာအကြောင်းမရှိကြောင်း၊ နိုင်ငံအတွက်အလုပ်လုပ်ကြမည့်သူများဖြစ်ခြင်းကြောင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်၍ နိုင်ငံအားတည်ငြိမ်အောင်၊တိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ပြီယင်းကဏ္ဍတွင်တပ်မတော်အနေဖြင့်အပြည့်အ၀ပါဝင်သွားမည်ဟု မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့်အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနအရှေ့အာရှနှင့်ပစိဖိတ်ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr.DanielR.Russel နှင့်မနေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ယင်းသို့ တွေ့ဆုံရာတွင်မိမိနိုင်ငံ၏ ရွေးကောက်ပွဲကာလမှန်မှန်ကန်ကန်၊ခိုင်ခိုင်မာမာ နိုင်ငံရေး လျှောက်လှမ်းမှုနှင့် ယင်းအပေါ်အမေရိကန်ကွန်ဂရက်၏သဘောထားအမြင်များ၊ ရွေးကောက်ပွဲလွန်ကာလ မြန်မာအမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်မည့်အခြေအနေ၊ NCAလက်မှတ်ရေးထိုးပြီးနောက်ပိုင်းဆက်လက်လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များ၏တိုးတက်မှု၊လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များပါဝင်လာနိုင်မည့်အခြေအနေနှင့်တိုင်းရင်းသားရေးဆိုင်ရာများအားဆွေးနွေးကြောင်းလည်းသိရသည်။



Credit To   >>> Irrawaddy News

0 comments:

Post a Comment