မြန်မာနိုင်ငံသို့ အမေရိ ကန်သမ္မတ ဘားရက်အိုဘားမား လာရောက်မည်ဟု သတင်းများ
ထွက်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဒဲရစ်မစ်ချယ်လ်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး
မင်းအောင်လှိုင်၊ ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးတို့ကို နိုဝင်ဘာ ၁၃ ရက်
တွင် တစ်ရက်တည်းဆက်တိုက် သွားရောက် တွေ့ဆုံခဲ့သည်။
သံတမန်တစ်ဦးအနေဖြင့် ယခုကဲ့သို့ အရေးပါသော ပုဂ္ဂိုလ် များအား
တစ်ရက်တည်းသွား ရောက်တွေ့ဆုံခြင်းမှာ လတ်တလော ရွေးကောက်ပွဲအပေါ်
ချီးကျူးဂုဏ်ပြုခြင်းအပြင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်၏ ခရီးစဉ်ကို
ကြိုတင်စီစဉ်ခြင်းလည်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောကြားမှုများ ရှိနေသည်။
‘‘ခန့်မှန်းမိတာကတော့ ရွေး ကောက်ပွဲ ရလဒ်တွေပေါ်ကို အားလုံး
လိုက်နာလေးစားမှုရှိဖို့ သူတိုက်တွန်းဖို့ တွေ့တယ်ထင် တယ်။ ဒါပေမဲ့
အမေရိကန်သမ္မတ လာဖို့ အကြိုညှိနှိုင်းတယ်ဆိုတဲ့ စဉ်းစားချက်ကလည်း ဖြစ်နိုင်
တယ်။ ဘာကြောင့်လဲဆိုတော့ အိုဘားမားနဲ့ ဟီလာရီကလင်တန် တို့ဟာ
ရီပက်ဘလေကန်တွေကို သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒအောင် မြင်မှုတစ်ရပ်အဖြစ်
မြန်မာနိုင်ငံ ကို အမွှမ်းတင်ခဲ့တယ်။ ဟီလာရီ ကလင်တန်ရဲ့ သမ္မတလောင်း
ပြိုင်ပွဲမှာ အားနည်းသွားအောင် မြန်မာအပေါ် ထားတဲ့ မူဝါဒ မအောင်မြင်ဘူးလို့
တစ်ဖက်က ကြွေးကြော်တာတွေလည်း ရှိခဲ့ တယ်။ အခုရွေးကောက်ပွဲအပြီးမှာ တော့
အိုဘားမားက မြန်မာနိုင်ငံ ကို လာချင်မှာပဲ။ သူတို့ရဲ့ အောင် မြင်မှုကို
ပြသရာ ရောက်အောင် ပေါ့။ ဒါက သမ္မတလောင်းပြိုင်ပွဲ ၀င်နေတဲ့ ဟီလာရီကို ကူညီရာ
လည်း ရောက်တယ်လေ’’ ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ
ဘာတေးလ်လင့် တနာက ပြောသည်။
လတ်တလောတွင် သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု
သတင်း များ ထွက်ပေါ်နေပြီး နိုဝင်ဘာ ၂၂ရက်၌ အာဆီယံဒေသတွင်း နိုင်ငံဖြစ်သည့်
မလေးရှားနိုင်ငံသို့ အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ
တက်ရောက်ရန် သွားရောက်ရ မည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့်
အဆိုပါအစည်းအဝေးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် က
သတင်းထုတ်ပြန်ထားသည်။
‘‘ဖြစ်နိုင်ပါတယ်။ သူ့(ဒဲရစ် မစ်ချယ်လ်) ပုံမှန်အလုပ်ကလည်း
အရေးပါသူတွေရဲ့ အမြင်တွေ စုစည်းဖို့ပဲလေ။ သံတမန်တစ် ယောက်အနေနဲ့တော့
အဲဒီလို တော့ တစ်နေ့တည်း အရေးပါတဲ့ သူတွေကို တစ်ပြိုင်တည်းတွေ့ တာ
သိပ်မရှိဘူး။ တစ်ဖက်က လည်း ဒီရလဒ်တွေအပေါ် လိုက် နာဖို့ ကြပ်ပေးတာလည်း
ပါမှာပါ’’ဟု မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူ ဦးအေးမောင်ကျော်က
ပြောသည်။
ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီး ဖြစ်ပေါ်လာမည့် အ ငြင်းပွားမှုများကို
အရေးယူဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံရွေး ကောက်ပွဲလုပ်ငန်းစဉ်သည် တည်
ငြိမ်းအေးချမ်းပြီး ချောမွေ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ် ချယ်လ်က
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံစဉ်
အထက်ပါအတိုင်း ဆွေးနွေးခဲ့သည်ဟု မီဒီ ယာများအား တွေ့ဆုံစဉ် ပြော
ကြားခဲ့သည်။
ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရတစ် ရပ်ဖွဲ့စည်းနိုင်ရန်
အခွင့်အရေးရှိ နေပြီဖြစ်သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့်လည်း
ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ကို ဆက်လက်ဆောင်ရွက်သွားရ မည်ဟု ၎င်းက
ဆိုသည်။
‘‘လူထုခေါင်းဆောင်အနေနဲ့ ကတော့ နောက်တစ်ဆင့်ဆောင် ရွက်ရမယ် နိုင်ငံရေး၊
စီးပွားရေး အပြောင်းအလဲတွေကို ဆုံးဖြတ် ချက်ချဆောင်ရွက်ရာမှာ လူထုက လည်း
အတူတူပါဝင်ဖို့ လိုပါ တယ်’’ဟု မြန်မာနိုင်ငံ သံအမတ် ကြီး မစ္စတာ
ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
အမေရိကန်နိုင်ငံအနေဖြင့် လည်း မြန်မာ့ဒီမိုကရေစီအ ပြောင်းအလဲနှင့်
ကျေးလက်ဖွံ့ဖြိုး ရေးကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းဖွံ့ဖြိုးရေး၊
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကူညီ မှု ပေးသွားမည်ဟု ၎င်းက ဆို သည်။
ထို့ပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး
မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွတ်လပ် မျှတစွာဖြင့်
အောင်မြင်စွာ ကျင်းပနိုင်မှုနှင့် ပြည်တွင်း၊ ပြည်ပစောင့်ကြည့် လေ့လာနိုင်မှု
အခြေအနေများ၊ ဆန္ဒမဲရလဒ်အတည်ပြုထုတ် ပြန်နိုင်မည့် အခြေအနေများ၊ ဆန္ဒမဲ
ရလဒ်ကို အတည်ပြုပြီး နောက် ပိုင်း ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊
ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံနိုင်မှုအခြေအ နေ၊ လက်ရှိအစိုးရလက်ထက်
ပြုပြင်ပြောင်းလဲရေးဆောင်ရွက် ခဲ့မှု အခြေအနေများ၊ တစ်နိုင်ငံ
လုံးအပစ်အခတ်ရပ်စဲရေး၊ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊
ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံ ရေးအခြေအနေ၊ အမေရိကန် ပြည်ထောင်စုနှင့်
လက်ရှိအခြေ အနေထက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရလဒ် ထွက်ပေါ်လာ
နိုင်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း တပ်ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင်
ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္က ဋ္ဌ သူရဦးရွှေမန်းကလည်း သံ
အ မတ်ကြီးကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီက ပြည်သူ့လွှတ်
တော်အဆောက်အအုံရှိ ၎င်း၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည် ဟု ၎င်း၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားခဲ့သည်။
Credit To >>> 7Day News
Saturday, November 14, 2015
အမေရိကန်သံအမတ်ကြီးက တပ်ချုပ်၊ ဦးတင်အေးနှင့် သူရဦးရွှေမန်းတို့ကို တစ်ရက်တည်း သွားရောက်တွေ့ဆုံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment