Thursday, October 29, 2015

ဈေးနှုန်းချိုသာစွာဖြင့် ပိုမိုဆက်သွယ်နိုင်ရန်အတွက် “သုံးမျိုးပါဝင် အထူးအစီအစဉ်”ကိုအူရီဒူးသုံးစွဲသူများအတွက် ပေးအပ်သွားမည်


အစီအစဉ်အသစ်အရဖုန်းခေါ်ဆိုခြင်း၊ SMS မက်ဆေ့ခ်ျ ပို့ခြင်းနှင့် အင်တာနက် ဒေတာအသုံးပြုခြင်းများကိုသတ်မှတ်ချိန်အတွင်းအကောင်းဆုံးအသုံးပြုနိုင်
ဈေးနှုန်းချိုသာပြီးအချင်းချင်းဆက်သွယ်မှုပိုမိုအဆင်ပြေစေမည့် အူရီဒူးမြန်မာ၏ “သုံးမျိုးပါဝင် အထူးအစီအစဉ်”ကို၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၃၀ရက်၊ ၀၀:၀၀:၀၁နာရီမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၂ နာရီ မှ စတင်ကာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်အသစ်အရဖုန်းခေါ်ခြင်း၊ SMSမက်ဆေ့ခ်ျ ပေးပို့ခြင်းနှင့် အင်တာနက်ဒေတာသုံးစွဲခြင်းများကိုသတ်မှတ်ချိန်အတွင်းအကောင်းဆုံးအသုံးပြုသွားကြရမှာဖြစ်ကြောင်း သိရသည်။ “သုံးမျိုးပါဝင် အထူးအစီအစဉ်”ဟုဆိုသည့်အတိုင်းသုံးစွဲရမည့် အမျိုးအစားသုံးမျိုးပါဝင်ပါမည်ဖြစ်သည်။
အသေးစားအစီအစဉ်အဖြစ် ငွေကျပ် ၅၀၀ (ငါးရာကျပ်) ဖြင့် ပြည်တွင်းမှ မည်သည့် ကွန်ရက်ကိုမဆို၁၅မိနစ်စာဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းမှ မည်သည့်ကွန်ရက်ကိုမဆိုSMS မက်ဆေ့ခ်ျ ၁၀စောင်ပို့ခြင်း၊ အင်တာနက်ဒေတာ ၅၀ မီဂါဘိုက် ပမာဏာကို ၂၄ နာရီအတွင်းစိတ်ကြိုက် အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။ အလတ်စားအစီအစဉ်တွင် ငွေကျပ် ၃,၀၀၀ (သုံးထောင်ကျပ်) ဖြင့်ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုမိနစ် ၈၀ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုSMS အစောင် ၅၀ ပေးပို့ခြင်းနှင့် အင်တာနက်ဒေတာ၃၀၀ မီဂါဘိုက်ပမာဏကို ၇ရက်အတွင်းအသုံးပြုကြရမည် ဖြစ်သည်။ အကြီးစားအစီအစဉ်တွင် ငွေကျပ် ၁၀,၀၀၀ (တစ်သောင်းကျပ်)ဖြင့်ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုမိနစ် ၂၅၀စာ ပြည်တွင်းဖုန်းခေါ်ဆို့ခြင်း၊ ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုSMSမက်ဆေ့ခ်ျ အစောင်ရေ ၁၅၀ ပေးပို့ခြင်း၊ အင်တာနက် ဒေတာ ၁,၀၂၄ မီဂါဘိုက်ပမာဏတို့ကိုရက်ပေါင်း ၃၀အတွင်း အသုံးပြုခွင် ရရှိမည် ဖြစ်သည်။
“သုံးမျိုးပါဝင် အထူးအစီအစဉ်” ကိုရယူရန်အတွက် အမျိုးအစားတစ်ခုချင်းစီအလိုက် ရယူပုံများကိုဖော်ပြပေးထားသည်။ အသေးစားအစီအစဉ်အတွက် 7070 ထံ 500 ဟု SMS ပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *7070# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်ပါသည်။ အလတ်စားအစီအစဉ်အတွက် 8080 ထံ 3000 ဟု SMSပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *8080# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်ကာအကြီးစားအစီအစဉ်အတွက် 9090ထံ10000ဟုSMSပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *9090# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်မည်ဖြစ်သည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment