ြ
မြန်မာနိုင်ငံ၌ နှစ်ပေါင်း တစ်ရာကျော် အတွင်း လျှပ်စစ်ရထားကို ပထမဆုံး
အကြိမ် ပြန်လည် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ လာရောက် သင်တန်း ပေးသွားမည်
ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်၌ နိုဝင်ဘာ ၃ ရက်တွင် စတင်
ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ
ဦးထွန်းအောင်သင်း ၏ ပြောကြားချက် အရ သိရသည်။
လျှပ်စစ်ရထား စီမံကိန်းအတွက် သံလမ်းနှင့် ရထားဘီးများ ကိုက်ညီမှု ရှိစေရန်
အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကမ်းနားလမ်း တစ်လျှောက် ဝါးတန်းလမ်းမှ
ပန်းဆိုးတန်းလမ်း အထိ အရန် လျှပ်စစ်ရထား စက်ခေါင်းတွဲကို လျှပ်စစ်ဓာတ်အား
မပါဘဲ ရထားစက်ခေါင်း အကူအညီဖြင့် ကနဦး စမ်းသပ် မောင်းနှင်ခဲ့ပြီး
အောက်တိုဘာ လကုန်တွင် လျှပ်စစ် နှင့် စမ်းသပ် မောင်းနှင်မည် ဖြစ်ကြောင်း
သိရသည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် နိုဝင်ဘာလတွင် ဝါးတန်းလမ်းမှ
ပန်းဆိုးတန်း လမ်းအထိ လျှပ်စစ်ရထား သုံးစင်းဖြင့် အလှည့်ကျ ပြေးဆွဲပေးမည်
ဖြစ်ပြီး ဒီဇင်ဘာလတွင် ပန်းဆိုးတန်းမှ လင်းစဒေါင်း အထိကိုပြေးဆွဲပေးမည်
ဖြစ်သည်။
အဆိုပါ လျှပ်စစ်ရထား ပြေးဆွဲရန် ဂျပန်နိုင်ငံမှ နည်းပညာများ ပံ့ပိုးပေးပြီး
နိုင်ငံတော် မှ ငွေကြေး စိုက်ထုတ်မှု များကို တာဝန်ယူ ဆောင်ရွက်
သွားမည်ဖြစ်ကာ လျှပ်စစ်ရထား မိုင်နှုန်းကိုလည်း နိုင်ငံတကာ
တွင် ပြေးဆွဲနေသည့် မိုင်နှုန်းအတိုင်း ၁၅ မိုင် သို့မဟုတ် မိုင် ၂ဝ
နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး
ကော်ပိုရေးရှင်းနှင့် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း လျှပ်စစ်ရထား လက်မှတ်ခ
နှုန်းထားများကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
လျှပ်စစ်ရထား ပြေးဆွဲမှုကြောင့် ခရီးသွား ပြည်သူများနှင့် နိုင်ငံခြား
ခရီးသွား ဧည့်သည်များ အနေဖြင့် အချိန်ကုန် သက်သာစေမည့် အပြင် လက်ရှိ
ရန်ကုန်မြို့၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုကို
လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။
Credit To >>> The Myawady Daily
0 comments:
Post a Comment