ရေကြည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ရုပ်သိမ်းလွှာ တင်ခဲ့ကြောင်း ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးရဲဖေက The Messenger Media သို့ပြောသည်။
''NLD ပါတီ ရေကြည်က တစ်ယောက် ရုပ်သိမ်းလွှာ တင်တာပါ။ တစ်ယောက်က ရုပ်သိမ်းလွှာတင်ပြီး နောက်တစ်ယောက် အစားထိုးတာပေါ့'' ဟု ၄င်းကပြောသည်။
ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်မင်း (မြေတိုင်းစာရေး (ငြိမ်း) က ရုပ်သိမ်းလွှာ တင်ပြီး၊ ၎င်းနေရာတွင် ဦးပြုံးညွန့် (ကြိမ်ထည် လုပ်ငန်းရှင် တစ်ဦး) က အစားထိုး လျှောက်လွှာ တင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၅၆) ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၂၆) ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦး၊ ကရင် တိုင်းရင်းသား တစ်ယောက်နှင့် ရခိုင် တိုင်းရင်းသား တစ်ဦး ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းထားကြောင်း ယင်းပါတီထံမှ သိရသည်။
ကိုယ်စားလှယ်လောင်း စာရင်းများ တင်သွင်းမှုကို သြဂုတ်လ (၁၈) ရက်နေ့မှ စတင် စိစစ်နေပြီး၊ ပုသိမ်ခရိုင် အတွင်း ကိုယ်စားလှယ်လောင်း တင်သွင်းထားသည့် (၁၅၂) ဦးတွင် NLD ပါတီနှင့် ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မညီညွတ်သူများ မပါဝင်ကြောင်း ဦးရဲဖေက ပြောသည်။
သြဂုတ်လ (၁၄) ရက်နေ့က လပွတ္တာမြို့နယ် NLD ပါတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့ခြင်းကြောင့် လပွတ္တာခရိုင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းလှကို ကိုယ်စားလှယ်လောင်း အဖြစ် အစားထိုးခဲ့ရသည်။
Credit To >>> Messenger News
Monday, August 24, 2015
NLD မှ ကိုယ်စားလှယ်လောင်း တစ်ဦး ရုပ်သိမ်းလွှာတင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment