Monday, August 17, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးရန်စီစဉ်


 မြန်မာ့သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်ကို လာမည့်စက်တင်ဘာ ဒုတိယပတ်အတွင်း  အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ   လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိကြောင်း   သတင်းရရှိ သည်။


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)လက်မှတ်ရေးထိုးနိုင်ရန် သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့ထံသို့ သြဂုတ် ၁၁ရက်စွဲဖြင့်  ဖိတ်ကြားစာ အသီးသီးပေးပို့ခဲ့သည်။

ဖိတ်ကြားခံရသည့်အဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)က NCAတွင် ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း  သြဂုတ် ၁၅ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ် ပြန်သည်။ ကေအင်န်ယူက ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေး   ပြု လုပ်ကာ  လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

NCA အတွက် အစိုးရ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့်  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့   ထိပ်ပိုင်းခေါင်း ဆောင်များသည်သြဂုတ် ၂၅ (သို့မဟုတ်) ၂၆ ရက်တွင်    တွေ့ဆုံနိုင်ဖွယ်ရှိပြီး၊ NCA လက်မှတ်ရေးထိုးနိုင်ရန်    အသေးစိတ်ဆွေးနွေးသွားဖွယ်ရှိကြောင်း  မြန်မာနိုင်ငံငြိမ်းချမ်းရေး      ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ခန့်မှန်းသည်။

NCA လက်မှတ်ရေးထိုးပြီး ပါကရက်ပေါင်း ၉၀ အတွင်းနိုင်ငံ ရေးဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များထံ သမ္မတပေးပို့ သော NCA လက်မှတ်ရေးထိုးနိုင် ရန် ဖိတ်ခေါ်ထားသည့် ဖိတ်စာ တွင် အစိုးရအနေဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား လက်ရှိသဘောတူညီမှု ရထားသော စာချုပ်ကို ထပ်မံပြင် ဆင်ဖြည့်စွက်ရန်မရှိဘဲ လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများ တွင်လည်း ပါဝင်သင့်ပါဝင်ထိုက် သူ အင်အားစုများအားလုံးပါဝင် နိုင်စေရန် ဆောင်ရွက်မည်ဟုကတိပြုထားသည်ကို တွေ့ရသည်။

NCA မူကြမ်းအတွက် အစိုး ရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ (UPWC) နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အဆင့် မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်များ အဖွဲ့ (SD) တို့ ကိုးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အ စိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်း ဆောင်များ သြဂုတ်တွင် တွေ့ဆုံ ကြရန် သဘောတူခဲ့သည်။ ယခု အခါ NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ သမ္မတက ဖိတ်စာများ ပေးပို့ထားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အ စိုးရသက်တမ်းတွင် လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရားဝင်ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်မှာ သြဂုတ် ၈ ရက်၌ လေးနှစ်ပြည့်ပြီဖြစ်သည်။

Credit To >>> 7Day News

0 comments:

Post a Comment