ကမ္ဘာ့ရေနံစိမ်းဈေးဆက် လက် ကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ယခုတစ်ပတ်အတွင်း အပြောင်း အလဲမရှိဘဲ တည်ငြိမ်နေကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း သည် သြဂုတ် ၈ ရက်က တစ်စည် လျှင် ၄၃ ဒသမ ၄၃ ဒေါ်လာမှ သြဂုတ် ၁၆ ရက်တွင် ၄၂ ဒသမ ၅၀ ဒေါ်လာရှိနေခြင်းကြောင့်တစ်စည်လျှင် ၁ ဒေါ်လာခန့်ကျဆင်းသွားခဲ့ပြီး ယင်းမှာ ကမ္ဘာ့စံချိန်တင်ဈေးနှုန်း ကျဆင်းမှုအဖြစ် ရှိနေကြောင်း စက်သုံးဆီ ဈေးကွက်မှ သတင်းရရှိသည်။
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ဧပြီလကုန်ပိုင်းက တစ်စည်လျှင် ဒေါ်လာ ၇၀ ခန့်ရှိခဲ့ပြီး တဖြည်း ဖြည်းကျဆင်းလာခဲ့ရာ သြဂုတ် ၁၆ ရက်အထိ ဈေးနှုန်းဆက်လက် ကျဆင်းမှုရှိနေခြင်း ဖြစ်သည်။ လက်ရှိနှုန်းထားမှာ ယခုနှစ်ဆန်း ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့အ နိမ့်ဆုံးစံချိန်တင်ဈေးနှုန်း ၄၅ ဒေါ် လာအောက်ထိပြန်လည်ရောက်ရှိ လာခြင်းဖြစ်သည်။
ထိုသို့ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်း ကျဆင်းလာခြင်းကြောင့် သြဂုတ် ၁၈ ရက်အထိ ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို ဈေးကွက် အတွင်း အနည်းငယ် လျှော့ချ ရောင်းချလာခဲ့သော်လည်း ယင်း နောက်ပိုင်းဈေးနှုန်းတည်ငြိမ်နေ ခဲ့သည်ဟု ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များထံမှသိရသည်။
ပြည်တွင်းစက်သုံးဆီ ဈေး နှုန်းတွင် ဇူလိုင် ၂၀ ရက်က အောက်တိန်း-92 တစ်လီတာ ၇၃၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၇၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၇၃၀ကျပ်နှုန်းရှိ ခဲ့ရာမှ သြဂုတ် ၈ ရက်တွင်အောက် တိန်း-92 တစ်လီတာ ၇၀၀ကျပ်၊ အောက်တိန်း-95 တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၆၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ် လီတာ ၇၀၀ကျပ်သို့ ဈေးကျဆင်း မှုရှိခဲ့သည်။
သို့သော်လည်း သြဂုတ် ၁၆ ရက်တွင် ယင်းနှုန်းအတိုင်းဆက် လက် ရောင်းချမှုရှိနေခြင်း ဖြစ် သည်။ ‘‘ဈေးအပြောင်းအလဲလုပ်ဖို့ ကုမ္ပဏီတွေက တစ်ယောက်နဲ့ တစ်ယောက်စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိတယ်။ ဈေးချဖို့ကြာတာကတော့ ဖြစ်နေကျပါ။ ရက်ပိုင်းအတွင်း ဆက်ကျနိုင်ပါ တယ်’’ဟု ပြည်တွင်းစက်သုံးဆီ ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
ယခင်က ကမ္ဘာ့ရေနံစိမ်းကျ ဆင်းသော်လည်း ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်း တည်ငြိမ်မှုရှိမနေ ခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်း လျှော့ချရန် အခက်အခဲ ရှိနေခဲ့ သော်လည်း ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်းမှာ ယခင်တစ် ပတ်ကထက်ပြောင်းလဲမှုကြီးကြီး မားမား ရှိမနေသည့်အတွက် ငွေ ဈေးကြောင့် ဈေးမချနိုင်ခြင်းမဖြစ် နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
Credit To >>> 7Day News
Monday, August 17, 2015
ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း မပြောင်းလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment