လာမည့်ရွေးကောက် ပွဲအတွက်မဲဆန္ဒနယ် ၁၁၃၈နေရာဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) အနေဖြင့်အမတ်လောင်းရွေး ချယ်ရေးနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ သည့် ပါတီဝင် ၄ဝအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းသိရ သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗဟိုမှရွေးချယ်လိုက်သည့် ကိုယ်စားလှယ် လောင်းလေးဦးကို မြို့နယ်ပါတီဝင်များက လက်မခံနိုင်သည့်အတွက် အစားထိုးပေးရန် သြဂုတ် ၇ရက်က ဆန္ဒပြတောင်းဆိုခဲ့သည့် ပါတီဝင် ၁ဝဦးကိုပါတီမှထုတ်ပယ်ခဲ့သလို မိတ္ထီလာမြို့နယ်တွင်လည်း ရွေးကောက်ပွဲ ဝင်ရန်ဗဟိုကရွေးချယ်မထားသည့် သူတစ် ယောက်၏ အောင်နိုင်ရေးကိုလုပ်ဆောင် သောကြောင့်ဆို၍ ပါတီနာယကအပါအဝင်
ပါတီဝင်ခြောက်ဦးထုတ်ပယ်ခဲ့သည်။
ယင်းအပြင်ဗဟိုမှ ရွေးချယ်ပေး လိုက်သည့် ကိုယ်စားလှယ်လောင်းစာရင်း နှင့်ဖွဲ့စည်းပေးလိုက်သည့် အောင်နိုင်ရေးအ ဖွဲ့ကို လက်မခံနိုင်သည့်အတွက် သြဂုတ် ၁ဝ ရက် က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သော လှည်းကူးမြို့နယ်မှ ပါတီဝင် ၂၄ဦးကိုလည်း သြဂုတ် ၁၁ ရက်တွင် ပါတီဝင်မှထုတ်လိုက်ကြောင်းသိရသည်။
လှည်းကူးမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်း က ''ဘယ်လိုပဲဖြစ်ဖြစ်ဗဟိုက ဆုံးဖြတ်ချက် ကျလာမှတော့ လက်ခံသင့်တယ်။ ဒီလောက် ဆန္ဒပြတဲ့ထိတော့မဖြစ်သင့်ဘူး။ ဒါကြောင့် ပါတီက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း တွေကိုမလိုက်နာတဲ့အတွက် ထုတ်ပယ်လိုက် တာပါ''ဟု ပြောသည်။
လာမည့်အထွေထွေရွေးကောက် ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စား လှယ်လောင်းများ စာရင်းထုတ်ပြန်ရာတွင် ဒီချုပ်ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်မှုများရှိခဲ့သည်။
Credit To >>> Yangon Media Group
Monday, August 17, 2015
အမတ်လောင်းရွေးချယ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့သည့်ပါတီဝင် ၄ဝ အား ဒီချုပ်မှထုတ်ပယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment