Monday, August 17, 2015

လိုင်းကျပ်ခြင်းအားဖြေရှင်းရန် တယ်လီနောမှ အသေးစားတာဝါတိုင်များတိုးချဲ့ တပ်ဆင်မည်


လိုင်းကျပ်ခြင်းအား ဖြေရှင်းရန် တယ်လီနောမှအသေးစားတာ ဝါတိုင်များတိုးချဲ့တပ်ဆင်သွားမည်ဖြစ် ကြောင်း တယ်လီနောမြန်မာမှသိရသည်။
ယင်းအသေးစားတာဝါတိုင်များ အား အထပ်မြင့်အဆောက်အအုံများအပေါ် ၌တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

''တပ်ဆင်လိုက်ရင်တော့ လိုင်း ကျပ်တာတွေကို ဖြေရှင်းနိုင်သွားမှာပါ။ အဲ ဒါကြောင့် တာဝါတိုင်တွေကိုလိုင်းကျပ်တဲ့ နေရာတွေ၊ မမိတဲ့နေရာတွေမှာ တပ်ဆင် သွားမှာပါ''ဟု တယ်လီနောမြန်မာမှ အမှု ဆောင်အရာရှိချုပ် Petter Furberg ကပြော သည်။

အဆိုပါတာဝါတိုင်တပ်ဆင်ခြင်း များအားံHuawei, Ericssion တို့နှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

''မြေနေရာအခက်အခဲရှိတာ လဲပါပါတယ်။ ဒီအသေးစားတာဝါတိုင်လေး တွေက မြေနေရာအခက်အခဲလဲမရှိပါဘူး။ အဆင်ပြေပါတယ်''ဟုယင်းကပြောသည်။

တယ်လီနောမှတစ်နိုင်ငံလုံး၌ ယခုနှစ်အတွင်း တာဝါတိုင်ပေါင်း ၃၅ဝဝ မှ ၄ဝဝဝအထိ စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေနှင့်တယ်လီနောမှတာဝါတိုင် ပေါင်း ၂၃ဝဝကျော်စိုက်ထားကြောင်း သိရ သည်။
Credit To >>> Yangon Media Group

0 comments:

Post a Comment