Monday, July 27, 2015

စစ်တောင်းနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်တော့မည်”

စစ်တောင်းမြစ်ရေနှင့် ငဝန်မြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။


စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၉ နာရီ ခွဲတွင် တိုင်းတာချက်များအရ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရန် ၆ လက်မခန့်သာ လိုတော့ပြီး ငဝန်မြစ်ရေသည်လည်း မနက်ဖြန်တွင် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်နိုင်သည်ဟု သတိပေးထားသည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်တည်ရှိရာ ပဲခူးတိုင်းဒေသကြီးနှင့် ငဝန်မြစ်တည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတို့၌ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနေသည်။
Credit to >>>7Day Daily

0 comments:

Post a Comment